မြောက်ဦးမြို့သို့ ပြည်တွင်း ပြည်ပ ခရီးသွားများ လာရောက်လေ့လာမှုများပြား

မြောက်ဦး   ၁၀  ဖေဖော်ဝါရီ

 

ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ရခိုင်  ရှေးဟောင်းယဉ်ကျေးမှု ဘုရားစေတီပုထိုးများ၊ ရခိုင် ယဉ်ကျေးမှုအမွေ အနှစ်လက်ရာများ၊ ရခိုင် အနုပညာ ဗိသုကာလက်ရာများ၊ သဘာဝအလှ ရှုခင်းများနှင့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို လေ့လာနိုင်ရန် မြောက်ဦးမြို့သို့ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တော်များ လာရောက်လည်ပတ်မှု များပြားလျက်ရှိရှိကြောင်း သိရသည်။

 

မြောက်ဦးမြို့သို့ လာရောက်လည်ပတ်လျက်ရှိသော နိုင်ငံခြားသားများက မြောက်ဦးမြို့သို့ လာရောက်လည်ပတ်ရတဲ့အတွက် အလွန်ပျော်ရွှင် ကျေနပ်မိကြောင်း၊ ရှေးဟောင်း ရခိုင်ယဉ်ကျေးမှုညအမွေအနှစ်များနှင့် ရခိုင် အနုပညာ ဗိသုကာလက်ရာများကို အနီးကပ်မြင်ရတော့ များစွာအံ့သြမိကြောင်း လာရောက်လေ့လာရတဲ့အတွက် အလွန်ကျေးနပ်မိကြောင်း ၎င်းတို့က ပြောသည်။

 

 

မြောက်ဦးမြို့သို့ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တော်များ လာရောက် လည်ပတ်လေ့လာမှုသည် တစ်ထက် တစ်နှစ် များပြားလျက်ရှိကြောင်း သိရသည်။ 

 

MDN