ရန်ကုန် မတ် ၂၅

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လကမ္ဘာဆေးရုံရှိ ဝန်ထမ်းများအား မီးဘေးအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစည်သူမျိုး ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက လကမ္ဘာဆေးရုံရှိ ဝန်ထမ်းမျာအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အချက်များ၊ မီးလောင်ရသည့်အကြောင်းရင်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မီးလောင်မှုဖြစ်ပွားပါက လုပ်ဆောင်ရမည့် နည်းလမ်းများ၊ မီးသတ်ဆေးဘူး အကြောင်းနှင့် အသုံးပြုနည်းများ၊ လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းများ၊ 191 Report Application ထည့်သွင်းအသုံးပြုစေရေး စသည်တို့ကို ရှင်းလင်းပြသဆောင်ရွက်သည်။

 

ထို့နောက် မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းရှိ ရတနာသိင်္ဂီစျေး မီးဘေးကြိုတင် ကာကွယ်ရေးအတွက် အသေးစိတ် စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

သက်လွင်စိုး(ပြန်/ဆက်)