မြောက်ဥက္ကလာပမြို့နယ်၌ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဆက်လက်ရောင်းချ

မြောက်ဥက္ကလာပ ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများနှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဉ်မှုဖြင့် Global Good Pure Group Co., LTD မှ စားသုံးဆီများကို ပြည်သူများ လက်ဝယ်သို့ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ဩဂုတ် ၁၂ ရက် နံနက် ၈ နာရီမှစတင်၍ အမှတ်(၂၁) ရပ်ကွက်၊ မြို့ပတ်လမ်းသွယ်(၃)လမ်း၊ ရွှေပေါက်ကံ၌ စားဆီ တစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀ ဖြင့် ရောင်းချပေးခဲ့သည်။ စားသုံးဆီများကို ပြည်သူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဩဂုတ် ၁၂ ရက်တွင် ပိဿာချိန် ၂၀၀၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။

လှလှထွေး