မြောက်ကိုရီးယား အလုပ်သမားတင်ပို့မှုနှင့်ပတ်သက်ပြီး အမေရိကန် က ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်

၁၅ ဇန်နဝါရီ

 

မြောက်ကိုရီးယားနိုင်ငံမှ အလုပ်သမားများ တင်ပို့မှုအတွက် မြောက်ကိုရီးယား လုပ်ငန်းကြီးနှစ်ခုကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

+5

 

အလုပ်သမားများကို ပြည်ပသို့ စေလွှတ်နေသည့် မြောက်ကိုရီးယား ကုန်သွယ်ရေး ကော်ပိုရေးရှင်းနှင့် တရုတ်အခြေစိုက် မြောက်ကိုရီးယား အလုပ်သမားပို့ဆောင်ရေးလုပ်ငန်း တို့ကို ပစ်မှတ်ထား အရေးယူဆောင်ရွက်ခြင်း  ဖြစ်ကြောင်း ထိုဘဏ္ဍာရေးဌာနက ပြောကြားခဲ့သည်။

 

ကုလသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ပြီး မြောက်ကိုရီးယားအစိုးရက ဝင်ငွေရှာရန် မြောက်ကိုရီးယား အလုပ်သမားများတင်ပို့ခြင်း ဖြစ်သည်ဟု ဘဏ္ဍာရေးအတွင်းရေးမှူး စတီဗင် မူချင် က ပြောကြားခဲ့သည်။

 

လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ တွင် မြောက်ကိုရီးယားအလုပ်သမားများကို ပြည်တော် ပြန်ပို့ရန် တာဝန်ရှိကြောင်း ဖော်ပြထားသည်။

 

သို့သော်လည်း တရုတ်နှင့်ရုရှားနိုင်ငံတို့သည် မြောက်ကိုရီးယားအလုပ်သမားများကို ပြည်တော်ပြန်ပို့ရန် ငြင်းဆန်ခဲ့ကြသည်။ ပြည်တော်ပြန်ပို့ခြင်းသည် မြောက်ကိုရီးယားနိုင်ငံသားများ၏ နေထိုင်မှုဘဝကို ကြီးမားသော အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

 

4

 

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုသည် ကုလသမဂ္ဂ၏ အရေးယူဒဏ်ခတ်မှုများကို အကောင်အထည်ဖော်ရန် ၎င်း၏ ကတိကဝတ်ကို ပြသခြင်းဖြစ်သည်။

 

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏မွေးနေ့တွင် စာတစ်စောင်ပေးပို့ပြီးနောက်မကြာမီ အမေရိကန်က မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- မြင့်မြင့်ချို