မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့၌ ၂၀၂၆ ခုနှစ် ပြည်နယ်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များကျင်းပ
မြစ်ကြီးနား ဇွန် ၁၃
၂၀၂၆ ခုနှစ် မိုးရာသီ (ပြည်နယ်အဆင့်) သစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ်ဝင်း အတွင်း၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပြည် နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ က စိုက်ပျိုးမည့်ပျိုးပင်များ အား ဖြန့်ဝေပေးအပ်ကြပြီး ဘောလုံးကွင်းဘေး ကွင်းပြင်ရှိ သတ်မှတ်နေရာအသီးသီး၌ ဌာန ဆိုင်ရာများ၊ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် ကျောင်းသား ကျောင်းသူများ၊ စီတာပူ ရပ်ကွက်နေပြည်သူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးကြီးကြပ်မှုစောင့်ရှောက် ရေးအဖွဲ့ဝင်များ၊ အရပ်ဘက်လူမှု ကူညီရေး အသင်းအဖွဲ့များက ပျဉ်းကတိုး၊ ရေပိတောက်၊ ကံ့ကော်၊ စိန်ပန်း၊ မန်ဂျန်ရှား စသည့် သစ်ငါးမျိုး ပျိုးပင်စုစု ပေါင်း ၁၀၀၀ ကို စုပေါင်းစိုက်ပျိုး ကြသည်။
ယင်းနောက် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ရွှေမိုးတောင်ပေါ်တွင် ကိန်းဝပ်စံပယ်တော်မူသည့် ရဟန္တာ တစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်ကြီး ပရိဝုဏ်၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ကျင်းပသော မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ဆက်လက် ကျင်းပရာ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ဘုရားတောင်ကုန်းတွင် စိုက်ပျိုး သွားမည့်ပျိုးပင်များအား ဖြန့်ဝေပေးအပ်ပြီး စင်ကာပူချယ်ရီပင် ၁၆၀၊ သရက္ခန် ပင် ၈၀၊ ရေပိတောက်ပင် ၈၀၊ သစ်အယ်ပင် ၈၀၊ ကျောက်ခက် ၅၂ ပင်တို့ဖြင့် ပျိုးပင်စုစုပေါင်း ၄၂၅ ပင်ကို စုပေါင်းစိုက်ပျိုးပေးကြသည်။
ပြည်နယ်(ပြန်/ဆက်)


