မြစ်ကြီးနားမြို့နယ်၊ အေးစေတီရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

မြစ်ကြီးနား ၉ ဇွန်

ယနေ့ နံနက် ၈ နာရီ မိနစ် ၅၀ ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ အေးစေတီရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နှစ်ထပ် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှသိရသည်။

 

016

 

နံနက် ၉ နာရီ ၅ မိနစ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အရန်မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း(၈)စီး၊ သန္ဓေ (၄၅)ဦး၊ အရန်(၂၀)ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး  နံနက် ၉ နာရီ မိနစ် ၂၀ တွင်  မီးငြိမ်းခဲ့သည်။

 

152

 

မီးလောင်မှုကြောင့် (၃၀×၃၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ အင်္ဂတေခင်း၊ (၂)ထပ် လူနေအိမ်(၁)လုံး၏ အပေါ်ထပ်ကြမ်းခင်းနှင့် အိပ်ခန်းများ မီးလောင်ဆုံးရှုံးခဲ့ပါသည်။

MDN

 

560