မြစ်ကြီးနားမြို့၌ ဝါယာကြိုးအပူလွန်ကဲရာမှ အိမ်တစ်လုံး မီးလောင်

မြစ်ကြီးနား၊ ၁၄ ဇန်နဝါရီ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ (၁၃)၌ ဇန်နဝါရီ ၁၄ ရက် နံနက် ၅ နာရီ ခန့်တွင် ပလပ်ပေါက်ဝါယာကြိုး အပူလွန်ကဲရာမှ အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူထွန်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၃၀၊ အရန်တပ်ဖွဲ့ဝင် ၁၀ဦးတို့သည် မီးငြိှမ်းသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများကလည်း ပူးပေါင်း၍ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြသည်။

 

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုကြောင့် ပေ ၂၀ x ပေ ၂၀ အုတ်ညှပ်ထရံကာ သွပ်မိုးနှစ်ထပ်အိမ်၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ရပြီး အိမ်ပိုင်ရှင်အား မြစ်ကြီးနားမြို့နယ် အမှတ်(၂) နယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

စိန်ဝင်း(ပြန်/ဆက်)