မြစ်ကြီးနားမြို့၌ ရေနွေးအိုးတည်ရာမှ မီးပလပ်ခုံ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်

မြစ်ကြီးနား    ၇  မေ    


မြစ်ကြီးနားမြို့ အောင်နန်းရိပ်သာရပ်ကွက် ဘူတာတိုက်တန်း ဆိုင်ခန်းအမှတ်(၈)တွင် ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။


မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ပြည်နယ် မီးသတ်ပြည်နယ်မှူး ဦးဇော်ဝင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

1


အဆိုပါ မီးလောင်မှုသည်   လျှပ်စစ်ရေနွေးအိုး တည်ထားပြီး မေ့လျော့ရာမှ မီးပလပ်ခုံ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုဝင်းနိုင် (ဘ) ဦးမြင့်အောင်၏ နေအိမ် အပါအဝင် ဆန်အိန်(၁၀ဝ) ၃၅ သိန်းခန့်၊ ပလပ်စတစ်ပိုက် ရေစုပ်စက် မော်တာ ၄၀ သိန်းခန့်၊ စုစုပေါင်း တန်ဘိုး ၈၇ သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

1


မီးလောင်မှုကြောင့် ကိုဝင်းနိုင် (၄၈)နှစ် (ဘ)ဦးမြင့်အောင်အား မြစ်ကြီးနား အမှတ်(၂) နယ်မြေရဲစခန်းမှ  အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စိန်ဝင်း(ပြန်/ဆက်)

 

1