မြစ်ကြီနားမြို့၌ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာ‌ခေါင်ကွဲလူနာများအား အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိ

မြစ်ကြီနား မေ ၆

ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး သွားနှင့်ခံတွင်းကုသဆောင်ရှိ ခွဲစိတ်ခန်းမကြီး၌ မေ ၆ ရက် နံနက်ပိုင်းမှ စတင်၍ မွေးရာပါ နှုတ်ခမ်းကွဲ၊ အခေါင်ကွဲ လူနာများအား အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (သွားကျန်းမာ) ပါမောက္ခ ဒေါက်တာ ခင်မောင် ဦးဆောင်၍ မွေးရာပါ နှုတ်ခမ်းကွဲ၊ အခေါင်ကွဲ လူနာ(၆၀)အား မေ ၆ ရက်မှ ၉ ရက်အထိ အခမဲ့ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မေ ၂ ရက်မှ ၅ ရက်အထိ မြစ်ကြီးနားမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၇၃)ဦးအား သွားတု(အံကပ်) အခမဲ့ တပ်ဆင်ပေးခြင်းနှင့် အခြားလိုအပ်သော သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေရောဂါကုဆေးရုံကြီးမှ သိရှိရသည်။ 

ခရိုင်(ပြန်/ဆက်)