မဘိမ်း    မတ်     ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ တောင်သူများအနေဖြင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုန်းခါးရပ်ကွက်တွင် မေမြို့ပန်းများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး နုတ်ယူရောင်းချရသောကြောင့် နေ့စဉ် ပုံမှန်ဝင်ငွေများရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကုန်းခါးရပ်ကွက်၊ ဝေဟာချောင်းဘေးရှိ လယ်ကွင်းထဲတွင် မေမြို့ပန်း၊ သပြေပန်း၊ ဂန္ဓမာပန်း၊ ဒေလီယာပန်းနှင့် နှင်းဆီပန်းပင်များကို စိုက်ပျိုးကြပြီး အဆိုပါ စိုက်ပျိုးရေးကွင်းထဲမှ ထွက်ရှိသော ပန်းမျိုးစုံအား ရောင်းချခြင်းဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေ ငွေကျပ် ၇၅၀၀ ခန့်ရရှိကြောင်း ပန်းစိုက်ပျိုးရေး လုပ်ကိုင်သူ တောင်သူ ဦးဇော်ဦးက ပြောပြသည်။

မျိုးမင်း(ပြန်/ဆက်)