လယ်ဝေးမြို့နယ်ရှိ ရွှေဖရုံသီးစိုက် တောင်သူများ အသီးအထွက်နှုန်းနည်း၍ အရှုံးပေါ်

မိတ္ထီလာ  ၂၈  ဇူလိုင်

လယ်ဝေးမြို့နယ် ကူသပိတ်ကျေးရွာမှ ရွှေဖရုံသီးစိုက် တောင်သူများ ယခုနှစ်တွင် အသီးအထွက်နှုန်းနည်း၍ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

ခူးဆွတ်ပြီး ရွှေဖရုံသီးများ မိတ္ထီလာမြို့မှတစ်ဆင့် မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ကူမဲ၊ မလှိုင်၊ သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ရွှေဖရုံသီး အကြီးတစ်လုံး ကျပ် ၁၄၀ဝ ကျပ်၊ အလတ်တစ်လုံး ၁၃၀ဝ ကျပ်နှင့် အသေးတစ်လုံး ၇၀ဝ ကျပ်ဖြင့် လက်လီလက်ကာ ဖြန့်ဖြူးရောင်းချရသော်လည်း ယခုနှစ်တွင် စိုက်ပျိုးပြီးချိန်တွင် မိုးများကာ စိုက်ခင်းအတွင်း ရေဝင်ရောက်မှုများကြောင့် အထွက်နှုန်းနည်းကာ အရှုံးပေါ်လျက်ရှိကြောင်း ကူးသပိတ်ကျေးရွာမှ ရွှေဖရုံသီးစိုက် တောင်သူ ဦးကျော်လွင်က ပြောသည်။

ရွှေဖရုံသီးများကို တန်းခူးလမှ စတင်စိုက်ပျိုးပြီး ဝါဆိုလမှ တော်သလင်းလအထိ ရွှေဖရုံသီးများကို ခူးဆွတ်ကာ မိတ္ထီလာ ဈေးကွက်မှတစ်ဆင့် အခြားမြို့နယ်များသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလေ့ရှိသည်။

ကူသပိတ်ကျေးရွာ၌ အိမ်ခြေ ၃၅၀ ကျော်ရှိပြီး တစ်ရွာလုံးနီးပါး ရွှေဖရုံသီး စိုက်ပျိုးကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)