မိုးမိတ်  ၈   ဇူလိုင် 


၂၀၂၀ ခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာဆင့်ပွား သင်တန်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)  မိုးမိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဇူလိုင် ၈ ရက် နံနက် ၉ နာရီ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ကော်မရှင်ရွေးကောက်ပွဲအရာရှိ ဦးကျော်ခိုင်ဝင်းက လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  မြို့နယ်လူဝင်မှုနှင့်ကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးပိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်မြစပယ်ထွန်းတို့က လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း ပတ်သက်သည့် သင်ခန်းစာ ပို့ချချက်များကို သင်ကြားပို့ချပေးခဲ့ရာ သင်တန်းသား/သင်တန်းသူများက မရှင်းလင်းသည့် အချက်အလက်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများကပြန်လည်ရှင်းပြခဲ့ကာ အဆိုပါသင်တန်းသို့ သင်တန်းသားစုစုပေါင်း ၂၀ဝ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


စည်သူဌေး (မိုးမိတ်သား)