လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ ကျွန်းသစ်နှင့် အခြားသစ်များ စုစုပေါင်း (၄၃၀ ဒသမ ၁၁၉၇) တန် ဖမ်းဆီးရမိ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်နယ်/ တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ဝန်ထမ်းများသည် နိုဝင်ဘာလမှ ဒီဇင်ဘာ ၉ ရက်အထိ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Mointoring and Reporting System – CMRS) ဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖမ်းဆီးရမိမှု စာရင်းချုပ်မှာ ဖမ်းဆီးအကြိမ် (၁၈၄)ကြိမ်တွင် တရားခံ(၇၄)ဦး၊ ယာဉ်(၃၉)စီးနှင့် ကျွန်း (၉၄ ဒသမ ၉၂၇၃) တန်၊ သစ်မာ (၉၃ ဒသမ ၃၆၉)တန်၊ အခြား(၂၄၁ ဒသမ ၈၂၃၄)တန် စုစုပေါင်း(၄၃၀ ဒသမ ၁၁၉၇)တန်၊ သစ်တော ထွက်ပစ္စည်း/ ဆက်စပ်ပစ္စည်းများဖြစ်သော ကျွန်းပရိဘောဂ ပစ္စည်းများ (စားပွဲ၊ ခုံတန်းလျား၊ ဘီရို၊ ဆက်တီ၊ တံခါးချပ်၊ ကျည်းဘောင်၊ ပွတ်လုံး)၊ မျော (၅၁၁၂) လုံး၊ ထင်း (၄၈ ဒသမ ၆၈၄၉) တန်၊ မီးသွေး (၃၅ ဒသမ ၇)တန်၊ ချိန်းဆော (၆) လက်၊ လွှဝိုင်း (၇) ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ လွှဝိုင်းခုံအဟောင်း (၁) ခု၊ အင်ဂျင် (၁၅) လုံး၊ ရေစုပ်စက်(၁) လုံး၊ မော်တာ (၁)လုံးတို့အား ဖမ်းဆီးရမိခဲ့၍ သစ်တောဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)