လူသို့ကူးစက်နိုင်သည့် တုပ်ကွေးဗိုင်းရပ်စ်တစ်မျိုးကို ဝက်များတွင် တွေ့ရကြောင်း တရုတ်သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့မှ ပြောကြား

၁ ဇူလိုင်


လူကို ကူးစက်နိုင်သည့် တုပ်ကွေးဗိုင်းရပ်စ်တစ်မျိုးကို ဝက်များတွင်တွေ့ရှိခဲ့ရကြောင်း တရုတ်သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့မှ ပြောကြားခဲ့ကြောင်း သိရပါသည်။

 

ယခုလိုတွေ့ရှိမှုကို အမေရိကန်၏ National Academy of Science တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ (၂၀၁၁) ခုနှစ်မှ (၂၀၁၈)ခုနှစ်အထိ တရုတ်နိုင်ငံ၏ ဟဲဘေးနှင့် ရှန်ဒုံးပြည်နယ်များ အပါအဝင် နေရာ(၁၀)ခုမှ ဝက်များတွင် တွေ့ရှိခဲ့ရ သည့် တုပ်ကွေးဗိုင်းရပ်စ်ကို မြင်တွေ့ခဲ့ရခြင်းဖြစ်ပြီး ဝက်မွေးမြူရေးခြံအမျိုးမျိုးမှာ ဖြစ်ပွားခဲ့သည့် H1N1 တုပ်ကွေး ဗိုင်းရပ်စ်နှင့်ဆင်တူကြောင်း သုတေသီများက ပြောကြားခဲ့ပါသည်။

 

သုတေသီများအနေနှင့် အသစ်တွေ့ရှိရသည့် ဗိုင်းရပ်စ်သည် လူမှလူသို့ ကူးစက်ခြင်းဖြစ်နိုင်ချေရှိကြောင်း သတိပေးထားပြီး ဝက်မွေးမြူရေးခြံများတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများကို စောင့်ကြည့်လေ့လာမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Crd, MRTV