လူသားဖွံ့ဖြိုးတိုးတက်မှုတွင် သီရိလင်္ကာနိုင်ငံသည် တောင်အာရှတွင် ထိပ်ဆုံးမှရပ်တည်နေ

၁၁ ဒီဇင်ဘာ

 

နိုင်ငံပေါင်း ၁၈၉ နိုင်ငံတွင် သီရိလင်္ကာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းသည် အဆင့် ၇၂ မှ ၇၁ သို့ မြင့်တက်လာခဲ့ပြီး တောင်အာရှတွင် အကောင်းဆုံးရပ်တည်နိုင်ခဲ့သည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာကို ကိုးကားပြီး ဒေသခံမီဒီယာက ယနေ့တွင် ဖော်ပြခဲ့သည်။

 

၂၀၁၉ ခုနှစ် လူသားဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းအစီရင်ခံစာအရ သီရိလင်္ကာနိုင်ငံ၏ လူသားဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းမှာ ၂၀၁၇ ခုနှစ်က ဝ ဒသမ ၇၇၆ မှ ၂၀၁၈ ခုနှစ်တွင် ဝ ဒသမ ၇၈၀ သို့ မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) က ဖော်ပြထားသည်။

 

အဆိုပါ အစီရင်ခံစာ ဖော်ပြချက်အရ သီရိလင်္ကာနိုင်ငံသည် ယခုနှစ်တွင် ငှက်ဖျားရောဂါ တိုက်ဖျက်နိုင်ခဲ့ပြီး လူသားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းမှာ ၂၀၁၀ မှ ၂၀၁၈ ခုနှစ်အထိ နှစ်စဉ် ဝ ဒသမ ၄၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

 

သို့သော်လည်း အခွန်ကောက်ခံမှု မူဝါဒများသည် တစ်နေ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ အောက် ရှိသော သူအရေအတွက် တိုးလာခဲ့သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

 

သီရိလင်္ကာနိုင်ငံသည် လူသားဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းအရ အဆင့်မြင့်ဆုံးနိုင်ငံ ဖြစ်သည်။

 

UNDP အစီရင်ခံစာအရ သီရိလင်္ကာနှင့် မော်လ်ဒိုက်နိုင်ငံများသည် တောင်အာရှနိုင်ငံများတွင် တစ်ခုတည်းသော လူသားဖွံ့ဖြိုးတိုးတက်မှုမြင့်မားသည့် နိုင်ငံများဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို