လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့်  အသက်မွေးဝမ်းကျောင်း  လုပ်ငန်းများ ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏  ၁/၂၀၂၂ ညှိနှိုင်းအစည်းအဝေးကျင်းပ

mdn

နေပြည်တော်  ဩဂုတ် ၁၁ 
    
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ် သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအောက်ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးနှင့်  အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏  ညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။

အစည်အဝေးသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့်  အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ဒုတိယဥက္ကဋ္ဌ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဝန်ကြီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 
    
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က ဩဂုတ် ၃ ရက်က ကျင်းပခဲ့သော ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (၂/၂၀၂၂)အစည်းအဝေး ဆုံးဖြတ်ချက် အရ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏နေရပ်များကို စွန့်ခွာနေထိုင်ရသူများကို ၎င်းတို့၏ နေရင်း ဒေသများသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်သော ထောက်ပံ့မှုများပေးနိုင်ရန်နှင့် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်ပေးနိုင်ရန်အတွက် လုပ်ငန်းကော်မတီ ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနများအလိုက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းအစီ အမံများကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။ 
    
ဆက်လက်၍ လုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က ဆွေးနွေးရာ၌ မြေပြင်တွင် အမှန်တကယ်အကျိုးရှိပြီး ထိရောက်စွာ ဆောင်ရွက်နိုင်မည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို အဓိကထားဆွေးနွေးပေးကြရန်၊ ဥပမာအားဖြင့် နေရပ်ပြန်များအတွက် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင် ၎င်းတို့ဒေသနှင့် ကိုက်ညီသော သင့်လျော်သည့် ဈေး ကွက်ဝင်သီးနှံများ၏ မျိုးစေ့များနှင့်နည်းပညာများ ပံ့ပိုးပေးကြရန် အကြံပြုလိုကြောင်း၊ နေရပ် ပြန်မည့်သူများ နေ့စဉ်ဝင်ငွေရရှိနိုင်သည့် အသက်မွေး ဝမ်းကျောင်းပညာဆိုင်ရာ သင်တန်းများသည် လည်း အရေးပါသဖြင့် အဓိကစီမံရမည့် ကိစ္စရပ်ဖြစ်၍ အားလုံးဝိုင်းဝန်းအကောင်အထည်ဖော်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။ 
    
ယင်းနောက်အစည်းအဝေး တက်ရောက်လာကြသော ကော်မတီဝင်ဌာနများက တာဝန်ရှိ သူများက လုပ်ငန်းကော်မတီနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို  သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြ ကြောင်း သိရသည်။ 
(သတင်းစဉ်)