လူပေါင်း ၂၆၅သန်း အငတ်ဘေးနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ ထုတ်ပြန်

၂၂ ဧပြီ

ကမ္ဘာ့နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် စီးပွားရေးကျဆင်းမှုများနှင့် ရင်ဆိုင်နေရပြီး  ငတ်မွတ်ခေါင်းပါးပြီး ဆာလောင်နေသည့် လူဦးရေမှာ ၂၆၅သန်းအထိ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ပြောကြားခဲ့သည်။

 

ရာသီဥတုပြောင်းလဲခြင်းနှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများကြောင့် လူပေါင်း ၁၃၅သန်းမှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအေဂျင်စီနှင့် ဥရောပသမဂ္ဂတို့က ယမန်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ကမ္ဘာနိုင်ငံများတွင် ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့်  အဆက်အသွယ် ဖြတ်တောက်ထားချိန်တွင် အလုပ်အကိုင်များ ကျဆင်းလာခဲ့ပြီးနောက် အလုပ်လက်မဲ့ဦးရေမှာ ယခုနှစ်အကုန်တွင် နှစ်ဆတိုးလာနိုင်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ 

 

လူအများအပြားမှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အာဖရိကနိုင်ငံများတွင် အပြင်းထန်ဆုံး ခံစားရမည်ဖြစ်ကြောင်း WFP ပြောကြားခဲ့သည်။

 

ကူးစက်ရောဂါ၏ စီးပွားရေးအကျိုးသက်ရောက်မှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အကြီးအကျယ် ထောက်ပံ့မှုကို တောင်းဆိုနေကြသည့် သန်းပေါင်းများစွာသူတို့မှ ရိုက်ခတ်မှုသည် ကြီးမားကြောင်း WFP ၏ စီးပွားရေးပညာရှင်ချုပ် အာရစ်ဟူစိန်က ပြောကြားလိုက်သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်