လူငယ်နှင့် ပညာရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ဒုတိယအကြိမ် မြောင်းမြတွင် ကျင်းပမည်

မြောင်းမြ ၃ ဧပြီ 

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ့စကားဝိုင်း (Public  Talk) များကို စဉ်ဆက်မပြတ်ကျင်းပလျက်ရှိရာ လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ဧပြီ  ၆ ရက် နံနက် ၁၀ နာရီတွင် မြောင်းမြခရိုင် ပညာရေးကောလိပ်၊ ပညာသီရိခန်းမ၌ ဒုတိယအကြိမ်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် မြောင်းမြ မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဒေါ်ခိုင်ဇင်ဦး၊ မြောင်းမြခရိုင် ပညာရေးမှူး ဦးခင်မောင်ဝင်း၊ မြို့နယ် စာရေး ဆရာအသင်းဥက္ကဋ္ဌ မောင်လှိုင်းသစ်(ချစ်စရာမြေ)နှင့် ဦးထွန်းလင်း (Friends  Library) တို့ပါဝင် ဆွေးနွေးကြမည်ဖြစ်ရာ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။

 

 မြို့နယ် (ပြန်/ဆက်)