လူ့အဖွဲ့အစည်းအတွက် လွတ်လပ်စွာ စဉ်းစားဆင်ခြင်မှု . . .

သိန်းထွန်း (IR)

ဘဝအတွက် အရေးပါမှု

လူတစ်ယောက်ရဲ့   စဉ်းစားဆင်ခြင်မှုတွေဟာ  သူ့ရဲ့အပြောအဆို၊ အပြုအမူတွေအပေါ် လွှမ်းမိုးနေ ကြပါတယ်။ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ဖို့ဆိုရင် လည်း  ကိုယ့်ရဲ့ စဉ်းစားဆင်ခြင်မှုကို အခြေခံပြီး တည်ဆောက်ကြရပါတယ်။    ဒါဟာ   ဘဝတစ်ခု အတွက်  စဉ်းစားဆင်ခြင်မှုရဲ့   အရေးပါမှုပဲဖြစ်ပါ တယ်။   ဒါ့အပြင်  တစ်ဦးနဲ့တစ်ဦး     စဉ်းစားဆင်ခြင်မှု ပုံစံတွေ    မတူညီကြတဲ့အတွက်   ဘဝနေထိုင်ပုံ နည်းလမ်းတွေ၊ တန်ဖိုးထားတာတွေ၊  ရည်မှန်းချက် တွေနဲ့ လူမှုစရိုက်တွေလည်း  ကွဲပြားလာပြီး လူ့အဖွဲ့ အစည်းအပေါ်သက်ရောက်တဲ့   ပုံစံတွေနဲ့   အတိမ် အနက်တွေလည်း ကွဲပြားလာကြပါတယ်။  
ဒီတော့ လူတစ်ယောက်ရဲ့ စဉ်းစားဆင်ခြင်မှုဟာ ဘယ်လောက်အရေးကြီးပြီး အရေးပါတယ်ဆိုတာ သတိနဲ့ကြည့်မယ်ဆိုရင် ပိုပြီးသိသိသာသာ မြင်နိုင် ပါတယ်။  “အကောင်းမြင် စဉ်းစားဆင်ခြင်ကြပါ။ ဘာကြောင့်လဲဆိုတော့ စဉ်းစားဆင်ခြင်မှုတွေဟာ ကျွန်တော်တို့ရဲ့ဘဝတွေကို     လမ်းကြောင်းမှန်ဆီ ရောက်ဖို့   ထိန်းကျောင်းနေတဲ့    စတီယာရင်နဲ့တူလို့ ဖြစ်ပါတယ်” ဆိုတဲ့  စကားလိုပါပဲ။   ဒါကြောင့်လည်း ပညာရေးမှာ     စဉ်းစားဆင်ခြင်မှု    စွမ်းရည်တွေ တိုးတက်ဖို့      အခြေခံလိုအပ်ချက်တစ်ခုအနေနဲ့ သင်ကြားပေးဖို့ လိုအပ်တာဖြစ်ပါတယ်။  အဲဒီစဉ်းစား ဆင်ခြင်မှု အရည်အသွေးတွေ ပိုပြီးထက်မြက်လာဖို့ အတွက် အခြေခံလိုအပ်ချက်တွေထဲမှာ လွတ်လပ်စွာ စဉ်းစားဆင်ခြင်ခြင်း     သို့မဟုတ်    အမှီအခိုကင်းစွာ စဉ်းစားဆင်ခြင်ခြင်းလည်း ပါဝင်ပါတယ်။

လွတ်လပ်စွာ စဉ်းစားဆင်ခြင်ခြင်း   

လွတ်လပ်စွာ         စဉ်းစားဆင်ခြင်တဲ့အတွက် ကြောင့်   ပြဿနာတွေဖြေရှင်းရာမှာ    ကျိုးကြောင်း ဆင်ခြင်မှုနဲ့ ဆန်းသစ်တွေးခေါ်မှုတွေ ရရှိလာစေပါ တယ်။ ဒါကြောင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်လို သူတွေ၊   တီထွင်ဖန်တီးမှု      လိုလားသူတွေအတွက် လွတ်လပ်တဲ့စဉ်းစားဆင်ခြင်မှုက   အဓိက  လိုအပ် ချက်အဖြစ် တွေ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ အဖွဲ့အစည်းတွေမှာဆိုရင်       လွတ်လပ်တဲ့စဉ်းစား ဆင်ခြင်မှုကို   ငယ်စဉ်ကတည်းက   ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးကြပါတယ်။    
လွတ်လွတ်လပ်လပ်   စဉ်းစားဆင်ခြင်သူ     ဒါမှ မဟုတ် အမှီအခိုကင်းတဲ့ စဉ်းစားတွေးခေါ်သူတွေ ဟာ အများသူငါ ထင်မြင်ယူဆချက်တွေ၊ သဘော ထားတွေအပေါ် မှီခို/ရေလိုက်ငါးလိုက် နေတတ်ကြ တာထက် သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုသုံးပြီး  အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာ စဉ်းစားတတ်သူ တွေ ဖြစ်ကြပါတယ်။ လွတ်လပ်စွာ စဉ်းစားဆင်ခြင် သူတွေဟာ   စဉ်းစားတွေးခေါ်မှုတစ်ခု   ဒါမှမဟုတ် ပြဿနာတစ်ရပ်ကို ချဉ်းကပ်ရာမှာ ရှုထောင့်မျိုးစုံ ကနေ   အကဲဖြတ်နိုင်ဖို့အတွက်  လက်လှမ်းမီသမျှ အထောက်အထားယူတာ၊    မေးခွန်းမေးတာတွေနဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်တဲ့ စွမ်းရည်တွေကို အသုံးပြု ကြလေ့ရှိပါတယ်။ 
လွတ်လပ်စွာ         စဉ်းစားဆင်ခြင်ခြင်းဟာ အခြားသူတွေရဲ့အမြင်နဲ့     ကွဲလွဲနေချိန်မှာတောင် ကိုယ့်ရဲ့ဝေဖန်ပိုင်းခြားနိုင်တဲ့စွမ်းရည်ကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် သစ္စာစောင့်သိနေခြင်းလည်း ဖြစ် ပါတယ်။ တစ်ခါတစ်ရံမှာ လွတ်လပ်စွာ စဉ်းစား ဆင်ခြင်သူတွေရဲ့ဆုံးဖြတ်ချက်တွေဟာ အခြားသူ တွေရဲ့ အမြင်သဘောထားတွေနဲ့   ကွဲလွဲနေပေမယ့်   သူတို့ဟာသူတို့တန်ဖိုးထားတာတွေအပေါ် ယုံကြည် မှုထားကြပါတယ်။ ဒါကြောင့်မို့ တိုးတက်ပြောင်းလဲ လိုတဲ့ လူ့အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ ဦးဆောင်သူတွေဟာ လွတ်လပ်စွာစဉ်းစား ဆင်ခြင်သူတွေရဲ့ ထူးခြားတဲ့ ချဉ်းကပ်ဖြေရှင်းနိုင်မှု တွေနဲ့ ဆန်းသစ်တဲ့ဖြေရှင်းမှုတွေကြောင့် သူတို့ကို တန်ဖိုးထားကြပါတယ်။ ဒါ့အပြင် လွတ်လပ်စွာစဉ်းစား ဆင်ခြင်သူတွေဟာ သူတို့ရဲ့ဆုံးဖြတ်နိုင်တဲ့ သဘော သဘာဝနဲ့ ကိုယ်တိုင်ဦးဆောင်လုပ်နိုင်တဲ့  စွမ်းရည် တွေကြောင့် တန်ဖိုးထားခံရသူတွေ ဖြစ်ကြပါတယ်။
အဲဒီလို လွတ်လပ်စွာ စဉ်းစားဆင်ခြင်သူတွေမှာ အခြားစဉ်းစားမှုပုံစံတွေနဲ့ မတူတဲ့အချက်တွေ ရှိကြ ပါတယ်။   သူတို့ရဲ့ထူးခြားတဲ့  အရည်အသွေးလို့လည်း ဆိုနိုင်ပါတယ်။ 

ပိုင်းခြားစိတ်ဖြာ ဆင်ခြင်ခြင်း 

လွတ်လပ်စွာ     စဉ်းစားဆင်ခြင်တာနဲ့     ဝေဖန် ပိုင်းခြားစဉ်းစားမှုတို့ဟာ  တစ်ခုနဲ့တစ်ခု  ချိတ်ဆက် နေကြပါတယ်။ ပိုင်းခြားစိတ်ဖြာ စဉ်းစားခြင်းဆိုတာ က     ဘက်လိုက်မှုနဲ့     မျက်ကန်းယုံကြည်မှုမရှိဘဲ သတင်းအချက်အလက်တွေကို အခြေခံပြီး ဆန်းစစ် အကဲဖြတ်ခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက သက်သေ အထောက်အထားအခြေပြုပြီး   ကောက်ချက်ဆွဲခြင်း ဖြစ်ပါတယ်။   လွတ်လပ်စွာ  စဉ်းစားဆင်ခြင်သူတွေ ဟာ နိုင်ငံရေး၊ ဘာသာရေး၊  သူတို့ရဲ့လုပ်ငန်း ဒါမှ မဟုတ်   ကိုယ်ရေးကိုယ်တာ ဘဝတွေနဲ့   ပတ်သက် နေရင်တောင်မှ   အခြေအနေတစ်ရပ်ကို    ပိုင်းခြား စိတ်ဖြာ စဉ်းစားသုံးသပ်ဖို့ အမြဲကြိုးစားတတ်ကြပါ တယ်။ 

သံသယအမြဲထားတတ်ခြင်း  

လွတ်လပ်စွာ          စဉ်းစားဆင်ခြင်သူတွေဟာ   မစူးစမ်းမဆင်ခြင်ဘဲ   မယုံကြည်တတ်ကြပါဘူး။ အခြေအနေနဲ့ အဖြစ်အပျက်တွေဆိုတာ အခြားသူ တွေထင်မြင်ထားတဲ့အတိုင်း အမြဲမဟုတ်နိုင်သလို အမှန်တရားဆိုတာကလည်း   အကြွင်းမဲ့ဖြစ်ခဲတာ ကြောင့် သံသယနဲ့  အမြဲစူးစမ်းဆင်ခြင်စဉ်းစားကြ လေ့ရှိပါတယ်။ 

အများရဲ့အမြင်သဘောထားကို အမြဲအားမကိုးတတ်ခြင်း

လွတ်လပ်စွာ   စဉ်းစားသူတွေဟာ  အများသူငါ ထင်မြင်ချက်တွေကို မေးခွန်းထုတ်ဆန်းစစ်မှု မရှိ ဘဲ   လက်ခံလေ့မရှိကြပါဘူး။   အဲဒီလိုလုပ်တာက အများရဲ့အမြင်မှာ ထင်ပေါ်လိုတဲ့  သဘောမဟုတ်ပါ ဘူး။ သူတို့ဟာ အမှန်တရားကိုသာ အာရုံစိုက်လေ့ ရှိကြပါတယ်။   ဒါကြောင့်   သူတို့ဟာ  မိုးခါးရေ မသောက်တဲ့သူတွေမဟုတ်ဘဲ       ဝေဖန်ပိုင်းခြား စဉ်းစားပြီး  ကျိုးကြောင်းညီညွတ်တဲ့ အဖြေကိုသာ ရှာဖွေကြဖို့ ကြိုးစားလေ့ရှိပါတယ်။

တစ်ယူမသန်ခြင်း 

လွတ်လပ်စွာ စဉ်းစားဆင်ခြင်သူတွေရဲ့ ထူးခြား ချက်တွေထဲမှာ တစ်ယူမသန်ခြင်းလည်း ပါပါတယ်။ တစ်ယူသန်စိတ်နဲ့ အဖွဲ့အစည်း၊ ဂိုဏ်းဂဏ၊ နိုင်ငံ ရေး၊ ဘာသာရေး စတာတွေကို မျက်စိစုံမှိတ်သစ္စာရှိ တဲ့ ပုံစံမရှိတတ်ကြပါဘူး။ အများအားဖြင့် သူတို့ဟာ သတ်မှတ်ထားတဲ့အမြင်တွေနဲ့  ဆုံးဖြတ်လေ့မရှိကြပါ ဘူး။ သဘောက သူတို့ဟာ သူတို့ရဲ့ခံယူချက်တွေကို သတ်မှတ်ထားတဲ့ ပုံစံခွက်ထဲ ထိုးသိပ်ထည့်တာကို လက်မခံတတ်သူတွေပဲဖြစ်ပါတယ်။ 

အခြားသူပြောတိုင်း မလုပ်ခြင်း 

လွတ်လပ်တဲ့ စဉ်းစားဆင်ခြင်မှုဆိုတာ မစဉ်းစား မဆင်ခြင်ဘဲ လက်ခံလိုက်နာခြင်းထက် မိမိကိုယ် တိုင်ရဲ့  ဆင်ခြင်တွေးတောမှုအပေါ်   ရပ်တည်ခြင်း ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် စဉ်းစားဆင်ခြင်သူ တွေဟာ     စိတ်ဓာတ်တက်ကြွစေဖို့     လှုံ့ဆော်တဲ့ လေလုံးသက်သက်    ပြောဆိုမှုတွေကို    မျက်စိမှိတ် ယုံကြည်လေ့မရှိကြပါဘူး။ သူတို့ဟာ တစ်စုံတစ်ခုကို ဘာကြောင့်လုပ်ဖို့လိုအပ်တယ်ဆိုတာကို  ရှင်းရှင်း လင်းလင်းသိအောင် ကြိုးစားကြပြီး သူတို့ကိုယ်တိုင် ယုံကြည်လက်ခံမှ         လုပ်ကိုင်တတ်သူတွေဖြစ်ပါ တယ်။  

သဘောထားပြောင်းလဲရန် မလွယ်ကူခြင်း 

လွတ်လွတ်လပ်လပ် စဉ်းစားဆင်ခြင်သူတွေဟာ အခြားသူတွေပြောကြားတာကို နားထောင်တတ်ကြ ပြီး   အခြားသူတွေရဲ့   အမြင်နဲ့ရှုထောင့်ကိုလည်း ထည့်သွင်းစဉ်းစားကြပါတယ်။  ဒါပေမဲ့ အခြားသူ တစ်ယောက်က      သူ့ရဲ့သဘောထားနဲ့  ထင်မြင် ယူဆချက်ကို     ပြောဆိုဖို့      ကြိုးစားနေရုံနဲ့ကတော့ လွတ်လွတ်လပ်လပ်      စဉ်းစားသူတွေရဲ့စိတ်ကို အလွယ်တကူပြောင်းလဲဖို့ ခက်ခဲပါတယ်။ အဲဒီလိုဆို လို့    လွတ်လပ်စွာ    စဉ်းစားဆင်ခြင်သူတွေဟာ သဘောထားတင်းမာသူ၊ ခေါင်းမာသူနဲ့  အစွန်းရောက် တဲ့သူတွေ  မဟုတ်ကြပါဘူး။   သူတို့ဟာ အခြေအနေ တစ်ရပ်ကို သူတို့ကိုယ်တိုင်ရဲ့  ချင့်ချိန်စဉ်းစားမှု မပါ ဘဲ မျက်စိမှိတ်   လက်မခံတတ်ကြခြင်းဘဲ ဖြစ်ပါ တယ်။ အခြားသူတွေရဲ့ ပြောဆိုမှုတွေ ဘယ်လောက် ခိုင်မာနေပါစေ၊ လွတ်လပ်စွာ စဉ်းစားဆင်ခြင်သူဟာ    ဆုံးဖြတ်ချက်တွေမချခင်မှာ           အကြောင်းအရာ တွေရဲ့   ဘက်ပေါင်းစုံကို ဆင်ခြင်အကဲဖြတ်ကြလေ့ ရှိပါတယ်။ 

လိုက်လျောညီထွေမရှိခြင်း 

လွတ်လပ်စွာ စဉ်းစားဆင်ခြင်မှုဟာ လိုက်လျော ညီထွေဖြစ်မှု နည်းပါးကြပါတယ်။  အကြောင်းက တော့ သူတို့ဟာ အခြားသူတွေလုပ်နေတိုင်း ဆင်ခြင် စဉ်းစားမှုမပါဘဲ မလုပ်တတ်ကြလို့ဘဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ဖိအားတွေ   ပြင်းထန်နေချိန်တောင်မှ မှီခိုမှုကင်းတဲ့    စဉ်းစားဆင်ခြင်သူတွေဟာ   ထပ်မံ ဆင်ခြင်စဉ်းစားတာမရှိဘဲ  အခြားသူတွေနောက်ကို လိုက်ရမယ့်အစား    အခြားသူတွေရဲ့   လုပ်ဆောင်မှု တွေကို     ဆန်းစစ်မေးခွန်းထုတ်တတ်ကြပါတယ်။  ဒါကြောင့်  လိုက်လျောညီထွေမှု         မရှိတာဟာ လွတ်လပ်စွာ   စဉ်းစားဆင်ခြင်သူတွေရဲ့    အဓိက လက္ခဏာတစ်ရပ်အဖြစ် တွေ့နိုင်ပါတယ်။ ဒါပေမဲ့ လိုက်လျောညီထွေမှုမရှိတိုင်း လွတ်လပ်စွာ စဉ်းစား ဆင်ခြင်သူလို့ ဆိုလို့မရပါဘူး။  

အတည်ပြုချက်မရှာခြင်း  

လွတ်လပ်စွာ        စဉ်းစားဆင်ခြင်သူတွေဟာ အခြားသူတွေရဲ့    ထောက်ခံမှုမရလည်း    သူတို့ ဘာလုပ်ရမယ်ဆိုတာကို  သူတို့ကိုယ်တိုင်သိကြပါ တယ်။    တစ်ခုခုမှန်တယ်လို့   သူတို့ခံစားရရင် ပတ်ဝန်းကျင်က လူတွေ (ဒါမှမဟုတ်  အများစု) က သူရွေးချယ် ဆုံးဖြတ်တာကို သဘောမတူခဲ့ရင်တောင် မှ သူတို့ယုံကြည်ရာကို ဆက်လက်လုပ်ကိုင်တတ် ကြပါတယ်။ ဒီတော့ အမှီအခိုကင်းကင်း လွတ်လွတ် လပ်လပ်    စဉ်းစားဆင်ခြင်တာဟာ    လူတစ်ဦးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ပထမဦးစားပေးနေရာမှာ ထားခြင်းလို့လည်း ဆိုနိုင်ပါတယ်။ 

မျက်ကန်းယုံကြည်မှုမရှိခြင်း 

လွတ်လွတ်လပ်လပ်  စဉ်းစားဆင်ခြင်သူတွေရဲ့ လက္ခဏာတွေထဲမှာ   မျက်ကန်းယုံကြည်မှုမရှိခြင်း ဟာ အဓိကအချက်တစ်ရပ်အနေနဲ့ တွေ့ရပါတယ်။ သူတို့ဟာ သူတို့ရဲ့   သူဌေးဖြစ်လို့၊   ဆရာဖြစ်လို့၊ အဆင့်မြင့်အရာရှိဖြစ်လို့၊  သူတို့အဖွဲ့အစည်းဖြစ် လို့ဆိုပြီး တစ်ဖက်သတ်ပြောသမျှကို ကျိုးကြောင်းမဲ့ မယုံတတ်ကြပါဘူး။ လူတွေရဲ့ သဘာဝအရ ဘယ်သူ မဆိုမှားနိုင်တယ်ဆိုတာကို  နားလည်လက်ခံထား ကြပြီး တစ်ခါတစ်ရံမှာ  လူတွေဟာ ထင်ထားတာ ထက် မတူညီတဲ့ရည်ရွယ်ချက်တွေကြောင့် ဖိအား ပေးခံရတယ်ဆိုတာ    လက်ခံထားသူတွေဖြစ်ကြပါ တယ်။    နောက်ဆုံးကတော့   မြင့်မားတဲ့လူမှုရေး အခြေအနေ ဒါမှမဟုတ်  ရာထူးအခြေအနေတွေရှိ နေခြင်းကြောင့် အမြဲတမ်းမှန်ရမယ်လို့ အာမခံချက် ပေးထားခြင်းမရှိပါဘူး။ နောက်ပြီး အဲဒါဟာ မှန်ကန် တဲ့    လူသားတစ်ယောက်ဖြစ်ရမယ်လို့   ဆိုလိုတာ မဟုတ်ကြောင်း  လွတ်လွတ်လပ်လပ်   အမှီအခို ကင်းကင်း  စဉ်းစားဆင်ခြင်သူတွေက  လက်ခံထား ကြပါတယ်။

တံဆိပ်ကပ်ခြင်းနှင့် ပုံသေအစွဲပြုစဉ်းစားမှု မပြုလုပ်ခြင်း

တံဆိပ်ကပ်ခြင်းနဲ့ တရားသေအစွဲပြုစဉ်းစားတဲ့ နည်းလမ်းက   ခက်ခက်ခဲခဲ    မစဉ်းစားရဘဲ   ပိုမို လွယ်ကူတဲ့နည်းလမ်းဖြစ်လို့       လူအများစုဟာ အဲဒီလွယ်ကူတဲ့   နည်းလမ်းတွေနဲ့ ဘက်လိုက်ကြတဲ့ အတွက်   တွေးခေါ်မှုဆိုင်ရာ   သားကောင်တွေဖြစ် သွားတတ်ကြပါတယ်။  တချို့ဟာ  အားမစိုက်ရတဲ့ အသိအမြင်ဆိုင်ရာဖြတ်လမ်းတွေကို      လိုက်ကြတဲ့ အတွက်     ကိုယ်တိုင်နက်နက်နဲနဲ       မတွေးတော မဆင်ခြင်ကြတော့ပါဘူး။ 
ဒါဟာ အမှီအခိုကင်းတဲ့ စဉ်းစားဆင်ခြင်သူတွေနဲ့  အဓိကကွဲပြားတဲ့ပုံစံ ဖြစ်ပါတယ်။ အမှီအခိုကင်းကင်း စဉ်းစားသူတွေကတော့ မျက်စိမှိတ်ဘက်လိုက်ခြင်း၊ တံဆိပ်ကပ်ခြင်း၊     အသိအမြင်နဲ့    ပတ်သက်လို့ လိုရာဆွဲပြောဆိုခြင်းတို့လို   လွတ်လပ်စွာ စဉ်းစား ဆင်ခြင်မှုကို   အကန့်အသတ်ဖြစ်စေတဲ့   ဘယ်လို အရာတွေကိုမှ မနှစ်သက်ကြပါဘူး။

သတင်းအချက်အလက်တွေကို အပြန်အလှန်စစ်ဆေးခြင်း
အမှီအခိုကင်းတဲ့   စဉ်းစားဆင်ခြင်သူတွေဟာ ဆုံးဖြတ်ချက်မချမီ     သို့မဟုတ်    နောက်ဆုံး ကောက်ချက်မချမီ အချက်အလက်အားလုံးကို ဂရု တစိုက်အကဲဖြတ်တတ်ကြပါတယ်။


ရည်ရွယ်ချက်ကတော့ သူရရှိတဲ့  သတင်းအချက် အလက်တွေက  မှန်ကန်ဖို့နဲ့ ဓမ္မဓိဋ္ဌာန်ကျစေဖို့ဖြစ်ပါ တယ်။

စိတ်ကိုဖွင့်ထားပြီး လိုရာဆွဲ ကောက်ချက်မချခြင်း 

ဥပမာအနေနဲ့  လုပ်ငန်းခွင်ထဲက လူတစ်ဦးဟာ သူတို့သူဌေးအကြောင်းနဲ့ ပတ်သက်လို့  လုပ်ဖော် ကိုင်ဖက်တစ်ဦးထံကနေ      အတင်းအဖျင်းစကား ကြားပြီး        အခြေအနေ     အလုံးစုံမဆန်းစစ်ဘဲ ကောက်ချက်ချဖို့ လွယ်ကူပါတယ်။ အမှီအခိုကင်းတဲ့ စဉ်းစားဆင်ခြင်သူတစ်ဦးကတော့ အဲဒီလိုလုပ်မှာ မဟုတ်ပါဘူး။ အဲဒီလိုဖြစ်စဉ်တွေမှာ ရှုထောင့်တစ်ခု ထက် ပိုရှိတတ်တဲ့သဘာဝကို  အမှီအခိုကင်းကင်း စဉ်းစားသူတွေက  သိရှိထားကြပါတယ်။ ဒါကြောင့် သူတို့ဟာ   ဖြစ်စဉ်တစ်ခုကို  ရှုထောင့်ပေါင်းစုံကနေ သုံးသပ်နိုင်ဖို့အတွက်   စိတ်ကို    အမြဲဖွင့်ထားဖို့ ကြိုးစားကြပါတယ်။  စိတ်ကိုဖွင့်ထားတဲ့  ပုံစံဟာ အမှီအခိုကင်းကင်းစဉ်းစားသူတွေရဲ့      အရေးကြီးဆုံး လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။  
လှပတဲ့ လိမ်ညာမှုတွေထက် ရုပ်ဆိုးတဲ့ အမှန်တရားတွေကို ပိုမိုနှစ်သက်ခြင်း 
လွတ်လွတ်လပ်လပ် စဉ်းစားဆင်ခြင်မှုဆိုတာက အမှန်တရားတွေက  ကိုယ့်အတွက် ဆွဲဆောင်မှုမရှိတဲ့ အပြင် နာကျင်မှုရခဲ့ရင်တောင်မှ အဲဒီအမှန်တရားကို ဆုပ်ကိုင်ထားခြင်းလို့  ဆိုနိုင်ပါတယ်။ လွတ်လွတ် လပ်လပ်စဉ်းစားသူတွေဟာ  အမှန်တရားအတွက် ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ မပြည့်ဝနိုင်ဘူးဆိုတာကို သိခဲ့ရင်တောင်မှ   အဲဒီအမှန်တရားကို   ရှောင်ဖယ် မသွားတတ်ကြပါဘူး။ ဒါ့အပြင် တစ်ဝက်တစ်ပျက် အမှန်တရားတွေနဲ့ အဖြူရောင်မုသားတွေကို အသံ ကောင်းဟစ်ပြနေတတ်တာတွေကို    လွတ်လွတ် လပ်လပ်စဉ်းစားသူတွေက လက်မခံကြပါဘူး။

အခြားသူတွေ စဉ်းစားတာကို အလေးမထားတတ်ခြင်း

လွတ်လွတ်လပ်လပ် စဉ်းစားသူတွေဟာ အခြား သူတွေရဲ့သဘောထားတွေကို   စဉ်းစားချင့်ချိန်တဲ့ အခါမှာ အခြားသူတွေက သူတို့အပေါ်ထားတဲ့ ယူဆ ချက်တွေနဲ့ ပတ်သက်ပြီး အထူးအလေးမထားကြ ပါဘူး။     လွတ်လွတ်လပ်လပ်    စဉ်းစားသူတွေဟာ အခြားသူတွေက သူတို့အပေါ်နှစ်သက်မှုနဲ့ လက်ခံမှု တွေအတွက်လည်း  စိတ်ပူမနေကြဘူး။ အခြားသူ တွေက သူ့အပေါ်ထားတဲ့   သဘောထားတွေထက် ရိုးသားပြီး မျှတမှုရှိတဲ့ လူသားတစ်ဦးဖြစ်ဖို့ကို ပိုပြီး ဂရုစိုက်ကြပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့   အချက်တွေကတော့ လွတ်လွတ်လပ်လပ်          စဉ်းစားတတ်သူတွေမှာ တွေ့ရှိရလေ့ရှိတဲ့   လက္ခဏာတွေပဲ    ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်  စဉ်းစားဆင်ခြင်မှုနဲ့    မတူတဲ့ ပုံစံတစ်ခုကတော့ မှီခိုစဉ်းစားတွေးခေါ်ခြင်း ဖြစ်ပါ တယ်။

မှီခိုစဉ်းစားတွေးခေါ်ခြင်း  

လွတ်လွတ်လပ်လပ်    ဒါမှမဟုတ်   အမှီအခို ကင်းကင်း စဉ်းစားဆင်ခြင်ခြင်းရဲ့    ဆန့်ကျင်ဘက်က တော့     မှီခိုစဉ်းစားတွေးခေါ်ခြင်း    ဖြစ်ပါတယ်။    အမှီအခိုကင်းကင်း   စဉ်းစားဆင်ခြင်သူက  သူ့ရဲ့ ကိုယ်ပိုင် စဉ်းစားဆုံးဖြတ်နိုင်စွမ်းနဲ့ ကျိုးကြောင်း ဆီလျော်မှုအပေါ် ရပ်တည်ပြီး အမှန်တရားကို ရှာဖွေ ပေမယ့် မှီခိုစဉ်းစားတွေးခေါ်သူကတော့ အခြားသူ တွေရဲ့ အကြံဉာဏ်၊  ရှုမြင်မှု၊   စဉ်းစားတွေးခေါ်မှု၊ အသိအမြင်တွေကတစ်ဆင့်          သူတို့အတွက်   အတွေးအမြင်၊ အကြံဉာဏ်၊ ညွှန်ကြားမှု၊ အသိအမြင် တွေကို ရယူစုဆောင်းကြသူတွေပဲ ဖြစ်ပါတယ်။ 
တစ်နည်းအားဖြင့် ကိုယ်တိုင်စဉ်းစားဆုံးဖြတ်မှု ထက်    အခြားသူတွေရဲ့  စဉ်းစားဆုံးဖြတ်တာတွေ အပေါ် တစ်ဆင့်ခံမှီခိုနေသူတွေ ဖြစ်ပါတယ်။ အဲဒီလို မှီခိုစဉ်းစားတွေးခေါ်သူမှာ    ကိုယ်ပိုင်အသိအမြင် မပိုင်ဆိုင်ထားကြသူတွေရှိသလို  အသုံးမချတတ်သူ တွေနဲ့  အသုံးမချနိုင်တဲ့သူတွေလည်း ရှိကြပါတယ်။ အတွေးအခေါ်မှီခိုသူတွေမှာ    တွေ့ရလေ့ရှိတဲ့ ပုံစံ တွေထဲမှာဆိုရင်       ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်း အားနည်းမှု၊   သူတစ်ပါး/ အများရဲ့ လောင်းရိပ်မိမှု  သို့မဟုတ် မလွန်ဆန်နိုင်မှု၊ မိမိကိုယ်မိမိ မယုံကြည်မှု၊ ကိုယ်ကျိုးစီးပွားအတွက်     မှီခိုမှုစတဲ့      ပုံစံတွေ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းအတွက် 

ဒီကနေ့ ကမ္ဘာကြီးဟာ ဘယ်သူမှ  သီးသန့်ခွဲခြား ရပ်တည်လို့ မရတော့ပါဘူး။ ကဏ္ဍတိုင်းဟာ အပြန် အလှန်     ဆက်နွှယ်နေကြပါတယ်။    ဒါကြောင့် ကမ္ဘာကြီးရဲ့တစ်ဖက်ခြမ်းက အဖြစ်အပျက်တွေက ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်ပေမယ့် အကျိုးဆက် တွေကတော့ ရိုက်ခတ်တတ်ကြပါတယ်။ Butterfly Effect   လိုပါပဲ။   ကမ္ဘာကြီး      တစ်ဖက်ခြမ်းက လိပ်ပြာတစ်ကောင်ရဲ့ အတောင်ခတ်သံကတစ်ဆင့် ဖြစ်လာတဲ့ ဆင့်ကဲအကျိုးဆက်တွေက ကမ္ဘာ့အခြား တစ်ဖက်ခြမ်းမှာ    ပြင်းထန်တဲ့    လေမုန်တိုင်းတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ 
ဒီလိုပါပဲ တစ်ဦးတစ်ယောက်ချင်းစီရဲ့   စဉ်းစား တွေးခေါ်မှုနဲ့   ပြုမူဆောင်ရွက်မှုတွေက   သေးငယ် တယ်ထင်ရပေမယ့်    ဖြစ်လာတဲ့  အကျိုးဆက်တွေ ကတော့   လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ်   အကျိုး သက်ရောက်စေနိုင်ပါတယ်။ အခုဆိုရင် ကမ္ဘာကြီးမှာ တိုးတက်မှု၊   ဖွံ့ဖြိုးမှုတွေရှိနေပေမယ့် တစ်ဖက်မှာ လူသားတွေဟာ     နိုင်ငံရေး၊     စီးပွားရေးနဲ့ဆိုင်တဲ့ ရှုပ်ထွေးတဲ့   ပြဿနာတွေ၊  သတင်းဖောင်းပွမှုတွေ၊ လူမှုရေးတရားမျှတမှု ကင်းမဲ့လာမှုတွေ စတဲ့အခက် အခဲ    အကျပ်အတည်းတွေနဲ့    ရင်ဆိုင်နေကြရပါ တယ်။ 
ဒီလိုအကျပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှား ဖို့နဲ့   နိုင်ငံတကာမှာ   ရင်ပေါင်တန်းနိုင်ဖို့ဆိုရင် သမားရိုးကျစဉ်းစားတွေးခေါ်တဲ့ပုံစံတွေ၊ ဘောင်ခတ် ထားတဲ့စဉ်းစားမှုပုံစံတွေ၊    မှီခိုစဉ်းစားတဲ့ပုံစံတွေ ထက်  ပြဿနာဖြေရှင်းရေးဆိုင်ရာ ပိုမိုမြင့်မားတဲ့ စွမ်းရည်နဲ့ စဉ်းစားဆင်ခြင်မှုပုံစံတွေ လိုအပ်ပါလိမ့် မယ်။  အဲဒီလို  တွေးခေါ်မှုစွမ်းရည်တွေ   မြင့်တက် လာမှ တစ်ဦးနဲ့တစ်ဦးအကြား အပြန်အလှန် တန်ဖိုး ထားလေးစားမှု၊    စာနာနားလည်မှု၊   ဆန်းသစ်တဲ့ အသိအမြင်တွေနဲ့ လူ့အဖွဲ့အစည်းကို ပိုမိုအကျိုးပြု နိုင်မှာဖြစ်ပါတယ်။        ။

ကိုးကား 
-     https:// www .learning-mind.com/   
    independent-thinker-definition-signs/