လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ် (၅/၁၈) ဝင်ခွင့်ခေါ်ယူ

နေပြည်တော် ၂ ဇန်နဝါရီ

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ဦးစီးဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၅/၁၈)ကို ၂၀၁၈ ခုနှစ် ဧပြီလ ၂၈ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းဝင်ခွင့် လျှောက်ထားလိုသူများအနေဖြင့် ဇန်နဝါရီလ ၁၂ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံစာ၊ ဘွဲ့လက်မှတ်မိတ္တူ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူနှင့် (၆) လ အတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ဓါတ်ပုံ (၂)ပုံ ပူးတွဲ တင်ပြရမည်ဖြစ်ကြောင်း၊ ဝင်ခွင့်အတွက် အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ ရေးဖြေစာမေးပွဲနှင့် လူတွေ့နှုတ်ဖြေကို သက်ဆိုင်ရာ ပညာရေးကောလိပ်များတွင် ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ လျှောက်လွှာပုံစံ မူနာနှင့် ကြေညာချက် အသေးစိတ်သိရှိလိုပါက ပညာရေးဝန်ကြီးဌာန Website ၊ http://www.moe.gov.mm တွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။

MDN