လရောင်ဖြာတဲ့ အင်းလေးမှာ ရုပ်ရှင်ဇာတ်ကား ဇန်နဝါရီ ၅ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၁ ဇန်နဝါရီ

 

ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူး တင်ဆက်သော “လရောင်ဖြာတဲ့ အင်းလေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီ ၅ ရက်တွင် ရုံတင်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

လရောင်ဖြာတဲ့ အင်းလေးမှာ ရုပ်ရှင်ဇာတ်ကားကို လူ့ဘဝသည် ဆန်းကြယ်သော သဘောရှိပြီး လူ့ဘဝများစွာထဲမှ ဘဝတစ်ခုကို ထင်ဟပ်ပြသလိုခြင်း၊ အင်းလေးဒေသ၏ သာယာပုံများ၊ ကြည်နူးဖွယ် မြင်ကွင်းများ၊ အင်းလေးဒေသတွင် နေထိုင်သော အင်းသူအင်းသားတို့၏ ရိုးသားမှု၊ စိတ်သဘောထား ဖြူစင်မှုတို့ကို ခံစားတတ်စေရန်၊ ဆေးသုတေသနပြုရန် စိုက်ပျိုးထားသော အပင်တစ်ပင်မှ အသီးကို မှားယွင်းစားသုံးမိရာမှ ဇီဝဖောက်ပြန်သွားပုံ သင်ခန်းစာယူတတ်စေရန်၊ ညီတစ်ယောက်အပေါ်တွင် ထားရှိသော အစ်ကိုတစ်ယောက်၏ မေတ္တာတရားကို သိမြင်စေရန် ရည်ရွယ်ချက်များဖြင့် ရိုက်ကူး တင်ဆက်ထားပြီး မေတ္တာဖွဲ့ ဒရမ်မာ ဇာတ်လမ်း အမျိုးအစား ဖြစ်သည်။

mdn

 

အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် ထပ်ဆင့်အကယ်ဒမီ နေတိုး၊ ဝါဇင်၊ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်၊ စုမြတ်နိုးဦးနှင့် ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များ ပါဝင်ပြီး အနုပညာအကြံပေးအဖြစ် အကယ်ဒမီများရှင် ဝါဝါဝင်းရွှေ၊ ဇာတ်လမ်း ဇာတ်ညွှန်း မင်းခိုက်စိုးစံနှင့် ထက်မြတ်နိုင်ဇင်၊ တွဲဖက်ဒါရိုက်တာ ဝင်းထွဋ်ဝင်းနှင့် ဒါရိုက်တာ အကယ်ဒမီ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည်။

 

သတင်း- ဒင်ချစ်ဝင်း၊ ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)