လျှပ်စစ်သုံးယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ 


နေပြည်တော်  မေ ၂၄
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက် Amazing Auto Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် DAYUN YUEHU S1 (VIP EDITION) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Aung Gabar Motor Services Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX ALPHA T5 အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် တရုတ်နိုင်ငံထုတ် ARCFOX အမျိုးအစား လျှပ်စစ်သုံးယာဉ်အား သွင်းစက်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်