ရန်ကုန် ဇွန် ၁၅
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးချုပ်နှင့် ခရိုင်တို့မှ တာဝန်ရှိသူများသည် ဇွန် ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးထားမှု အခြေအနေများနှင့် ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး ဆောင်ရွက်ထားမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
တာဝန်ရှိသူများသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ၆၆/၁၁ ကေဗွီ(၁၀၆)ဓာတ်အားခွဲရုံ၊ ကျန်စစ်သားဓာတ်အားခွဲရုံနှင့် ၃၃/၁၁ကေဗွီ စက်မှုဇုန်တိုးချဲ့(ကညန)ဓာတ်အားခွဲရုံတို့၏ ဓာတ်အားဖြန့်ဖြူးထားမှုအခြေအနေများ၊ ဖီဒါအလိုက် မီတာဖတ်ရှုထားမှု၊ မီးသုံးသူ စာရင်းများပြုစုထားမှု၊ ဓာတ်အားလေလွင့်ပျောက်ဆုံးမှု အခြေအနေများ၊ ဓာတ်အားခွဲရုံအတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်ဆောင်(YESC)


