လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ဇွန်  ၂၇

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်း၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်တို့က ကံ့ကော်ပင်များကို စတင်စိုက်ပျိုးပေးကြသည်။

 

mdn

 

ယင်းနောက် ဌာနဆိုင်ရာ အရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်းများက ကံ့ကော်၊ ကျွန်း၊ ယူကလစ်၊ မယ်ဇလီ၊ ယမနေ၊ သပြေဘူတ၊ သပြေ၊ စွယ်တော်၊ တောင်မရိုး၊ မဟော်ဂနီ၊ မယ်ဇယ်၊ စိန်ပန်း၊ ပျဉ်းမ၊ သရက်၊ ဒန့်သလွန်၊ မာလကာ စသည့် ပျိုးပင်ပေါင်း ၂၇၆၈ပင်ကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

သတင်းစဉ်