ရန်ကုန် ကလေးဆေးရုံကြီး၌ ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုးကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့
ရန်ကုန် ၂၇ ဇန်နဝါရီ
ရန်ကုန် ကလေးဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းက မြန်မာ ဆရာဝန်များနှင့် စင်ကာပူ ဆရာဝန်များ ပူးပေါင်းကာ နာတာရှည် ကျောက်ကပ်ရောဂါ ဝေဒနာရှင် မိန်းကလေးငယ် တစ်ဦးအား ကျောက်ကပ် အစားထိုးကုသခြင်း လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။