လမ်းမတော်မြို့နယ်၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁ ဦးအား ဖမ်းဆီးရမိ

နေပြည်တော်  ၁၃ ဇွန်


    
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်လင်းထွန်း၊ ဒုလဝကမှူး ဦးစိုင်းညွန့်ဝင်း တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၁  ရက် မွန်းလွဲ ၁ နာရီ က ရန်ကုန်မြို့ လမ်းမတော်မြို့နယ် (၁၀)ရပ်ကွက် ESTA ဟိုတယ်၌ တည်းခိုနေထိုင်သော တရုတ်နိုင်ငံသား Mr.Li Zhao(၄၁)နှစ် အား စစ်ဆေးရာ ၎င်းသည် ဇွန် ၈ ရက်တွင် တရုတ်နိုင်ငံ ၊ ထန်းချူးမြို့မှ မြန်မာနိုင်ငံ ကန်ပိုက်တီး နယ်စပ်ဂိတ်သို့ ရှောင်ကွင်း၍ တရားမဝင် ဝင်ရောက်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသဖြင့် Mr.Li Zhao အားလမ်းမတော်မြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

MDN