လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၅

လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပသည်။ 

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများသည် ဝန်ထမ်းငယ်များကို အနီးကပ်ကြီးကြပ် ဦးဆောင်ရသူများ ဖြစ်သည့်အပြင် စီမံခန့်ခွဲသူများ၏ လမ်းညွှန်မှုများကိုလည်း လိုက်ပါ         အကောင်အထည်ဖော် ဆောင်ရွက်ကြရသူများဖြစ်သဖြင့် လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု အရည် အချင်းများ ပြည့်ဝနေစေရန် စစ်ဆေးရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲ တိုးတက်မှုများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာ ဆည်းပူးကြရန် လိုအပ်ပါကြောင်း၊  ထို့အပြင် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ကိုယ်ကျင့်သိက္ခာ မြင့်မားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် အများပြည်သူအကျိုး သယ်ပိုးဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

 

mdn

 

အဆိုပါသင်တန်းတွင် ရုံးချုပ်၊ တိုင်းဒေသကြီး / ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့်ဒေသ စာရင်းစစ်ရုံးများမှ သင်တန်းသား (၉၅) ဦးတို့ကို စာသင်ခန်းရောက် (Face to Face ) ဖြင့် လည်းကောင်း၊ သင်တန်းသား (၁၅) ဦးတို့ကို Online ဖြင့်လည်းကောင်း စုစုပေါင်း သင်တန်းသား (၁၁၀) တက်ရောက်ပြီးမြောက်ခဲ့သည်။ 

သင်တန်းဆင်းပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ သင်တန်းသားများက Online ဖြင့် တက်ရောက်ကြကြောင်း သိရသည်။ 

သတင်းစဉ်