လက်ရှိမှာ JMC-U နဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းလမ်းညွှန်၊ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ NCA ပါ အချက်အလက်တွေကို လိုက်နာဆောင်ရွက်ဖို့အတွက် စောင့်ကြည့်ပြီးတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကန့်ကွက်ခြင်း၊ ဖြေရှင်းခြင်းတွေကို ဆောင်ရွက်နေပါတယ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

ဗိုလ်မှူးကြီး ဝဏ္ဏအောင် (အတွင်းရေးမှူး-၁၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ) က “လိုအပ်မယ်ဆိုရင်တော့ စိစစ်ရေးအဖွဲ့တွေကို စေလွှတ်ပြီးတော့ ဆောင်ရွက်နေပါတယ်။ JMC-U အနေနဲ့တော့ ခက်ခဲမှုတွေ လျှော့ချရပ်စဲဖို့အတွက် အဓိကထား ဆောင်ရွက်နေပါတယ်” ဟုပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာရာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

MDN