လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအတွင်းမှ ငွေများခိုးယူသူအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ရန်ကုန် ၆  ဧပြီ

 

ဧပြီ ၅ ရက် နံနက် ၇ နာရီက လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ၏ သော့ခတ်ထားခြင်းမရှိသော ဝန်ထမ်းရုံးခန်းရှိ အလူမီနီယံ ဘီဒိုအတွင်းမှ ဝန်ထမ်းလစာငွေ ၃၀၆၆၅၀ဝ၀ ကျပ်မှာ ပျောက်ဆုံးနေကြောင်းနှင့် ခိုးယူသွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးရန် သောင်ကြီးနယ်မြေရဲစခန်းသို့ တိုင်တန်းမှုဖြစ်ပွားခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူနှင့် ပျောက်ဆုံးငွေများ အမြန်ဖမ်းဆီး၊ သိမ်းဆည်းရရှိရေး သောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးခြင်းနှင့် ပတ်ဝန်းကျင်အား လိုက်လံစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ စက်ရုံမီးပူတိုက်ဌာနမှ အလုပ်သမားခေါင်းဆောင် ကျော်စွာလတ် ၂၄ နှစ် (ဘ) ဦးမြင့်သန်းဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ကြောင်း၊ ၎င်းအား လိုက်လံရှာဖွေဖမ်းဆီးရာ ပြစ်မှုကျူးလွန်သူ ကျော်စွာလတ်ကို ၎င်း၏နေအိမ်တွင် သက်သေခံပစ္စည်း ငွေများနှင့်အတူ (၃)နာရီအတွင်း ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN