လှိုင်းဘွဲမြို့နယ်တွင် မိုဘိုင်းစနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

လှိုင်းဘွဲ  ၁၅   မတ် 

 

မိုဘိုင်းစနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက်ငှါးရမ်းပေးခြင်းကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းမျာသည် ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်းဘွဲမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်(၄)ရပ်ကွက်သို့ ယခင်ငှါးရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး စာအုပ်အသစ်များ ထပ်မံငှါးရမ်းပေးခဲ့သည်။ ယခုကဲ့သို့ ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုး တတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

 

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို လှိုင်းဘွဲမြို့နယ် ပြန်/ဆက်ဝန်ထမ်းများမှ အပတ်စဉ် ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များသို့ အလှည့်ကျ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

 

viber image 2