ဘားအံ ဇွန် ၁၇

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက လှိုင်းဘွဲမြို့နယ် နောင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးသည်။ 

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစည်သူအောင်နှင့် ဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)