လှိုင်းဘွဲ မတ်

           

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ဒေသနေ ပြည်သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် အတွက် စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာ ညီညီနိုင် ရေးသားသော ကျွမ်းကျင်တဲ့ ရင်းနှီးမြုပ်နှံသူဖြစ်ဖို့ စာအုပ်ဖြင့် မတ် ၁၈ ရက် နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           

အဆိုပါစာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးစောသော်တာလင်းသန့်က ဒေသနေပြည်သူများအနေဖြင့် စာပေဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်အားကောင်းမွန်လာစေရန်၊ စာပေမှရရှိလာသော အသိပညာဗဟုသုတများကို အသုံးချတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာများ မျှဝေတတ်စေရန်နှင့် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တွင် တက်ရောက်လာသော Book Club အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဆိုင်ရာအရ အသင့်ပြင်ထားပြီးပြီးလား၊ ဘယ်လိုရင်းနှီးမြှုပ်နှံသူမျိုး ဖြစ်ချင်သလဲ၊ ခိုင်မာသော စီးပွားရေး လုပ်ငန်းတစ်ခု ဘယ်လိုတည်ထောင်မလဲ၊ ပါးနပ်ကျွမ်းကျင်တဲ့ ရင်းနှီးမြှုပ်နှံသူဆိုတာ ဘယ်သူတွေလဲ၊ အရေးကြီးဆုံး ရင်းနှီးမြုပ်နှံမှု၊ ဈေးကွက် စီးပွားရေးစနစ်ကို စီမံခန့်ခွဲခြင်း၊ သူဌေးတွေ ဆင်းရဲသွားတာ ဘာကြောင့်လဲ စသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

စောဒိ(ပြန်/ဆက်)