လိပ်သို ၁၂ စက်တင်ဘာ
ကရင်ပြည်နယ်၊ လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းဝင်းအနီး ရောင်းချနေသော ဈေးဆိုင်များအား အစားအသောက်နှင့် ဆေးဝါးများဆိုင်ရာ ကွင်းဆင်းကြည့်ရှု စစ်ဆေးအသိပညာပေးခြင်းအား ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ကျောင်းဝင်းအနီး ဆေးလိပ်၊ ကွမ်းယာ၊ အရက် စသည့် မူးယစ်ဆေးဝါးများ ကင်းရှင်းစေရန်၊ ကျောင်းသား/သူများအား မရောင်းချရန်၊ ရောင်းချလျက်ရှိသော အစားအသောက်များ ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန်၊ ခွင့်ပြုချက်မရှိသော မုန့်ပဲသွားရေစာများနှင့် ရက်လွန်အစားအစာများ မရောင်းချရန်တို့ကို အသိပညာပေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများကို စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး နယ်မြေခံရဲစခန်း၊ ကျန်းမာရေးဌာနနှင့် အခြားဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
လိပ်သို (ပြန်/ဆက်)


