လီဗာပူးအသင်း ကာရာဘောင်ဖလား နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်း

ဇန်နဝါရီ  ၂၂

အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ ဇန်နဝါရီ ၂၀ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ လီဗာပူးအသင်းက တိုက်စစ်မှူးဂျိုတာရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုးပြတ်ဖြင့် အာဆင်နယ်အသင်းကို အနိုင်ရရှိကာ ကာရာဘောင်ဖလား နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ကာရာဘောင်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ လီဗာပူးအသင်းအတွက် သွင်းဂိုးနှစ်ဂိုးစလုံးကို တိုက်စစ်မှူး ဂျိုတာက ပွဲကစားချိန် ၁၉ မိနစ်နဲ့ ၇၇ မိနစ်တို့မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးနှစ်ဂိုးစလုံးကို အလက်ဇန်းဒါးအာနိုးကပဲ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ လီဗာပူးအသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂျိုတာဟာ အခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအသင်းနဲ့အတူ သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

အခုပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ သွင်းဂိုးနှစ်ဂိုးခွင့်ပြု ပေးလိုက်ရပြီး ကာရာဘောင်ဖလား ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အပြင် ပွဲကစားချိန် မိနစ် ၉၀ မှာ အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ပါတေးဟာလည်း နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ပထမဆုံးအကြိမ် တက်လှမ်းခွင့်ရရှိ အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ကာရာဘောင်ဖလား နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းခွင့်ရရှိခဲ့တဲ့လီဗာပူးအသင်းဟာ ခြောက်နှစ်တာကာလအတွင်းမှာ ကာရာဘောင် ဖလားနောက်ဆုံးဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ် | ချယ်လ်ဆီးအသင်းဟာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ စပါးအသင်းကို နှစ်ကျော့ပေါင်းရလဒ် သုံးဂိုးပြတ်နဲ့ အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းလာခဲ့တာဖြစ်ပြီး လီဗာပူးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင် ကစားမယ့် ကာရာဘောင်ဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်ကို ဖေဖော်ဝါရီ ၂၇ ရက်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ငွေကြယ်