LEGALLY BLONDE 3 ဇာတ်ကားတွင် ရီးစ် ဝပ်သားစပွန် ပါဝင်သရုပ်ဆောင်မည်

၈ ဇွန် 

Legally Blonde ရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ အမေရိကန်ဟာသ ရုပ်ရှင်ကားပဲဖြစ်တယ်။ အဲဒီဇာတ်ကားဟာ  အောင်မြင်ခဲ့တဲ့အတွက် နောက်ဆက်တွဲ ရုပ်ရှင်တွေပါ ဆက်လက်ရိုက် ကူးခဲ့ရပါတယ်။

ရီးစ်ဝပ်သားစပွန် ကတော့ ၂၀၀၁ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Legally Blonde နဲ့ ၂၀၀၃ခုနှစ်က ရိုက်ကူးခဲ့တဲ့ Legally Blonde 2:Red, White & Blonde ဇာတ်ကားနှစ်ကားစလုံးမှာ အယ်လီဝုဒ်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အခုဆိုရင် ရီးစ်ဝပ်သားစပွန်ကို အယ်လီဝုဒ်ဇာတ်ကောင်အဖြစ် မမြင်တွေ့ရတော့တာ ၁၅ နှစ်နီးပါး ရှိပြီပဲဖြစ်ပါတယ်။

Legally Blonde 3 ဇာတ်ကားရဲ့ ဇာတ်အိမ်ကိုတော့ အသေးစိတ် မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်းမှာ အယ်လီဝုဒ်တစ်ယောက် ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို ဘယ်လိုဇာတ်လမ်း ဆင်ထားမှာလဲဆိုတာ မသိရသေးပါဘူး။ ဒီဇာတ်ကားကို ရီးစ်ဝပ်သားစပွန် ပိုင်ကုမ္ပဏီဖြစ်တဲ့ Hello Sunshine ကုမ္ပဏီကနေ ပူးတွဲထုတ်လုပ်မှာလည်း ဖြစ်တယ်။

ဒီဇာတ်ကားကို ရုံတင်မယ့်ရက်ကို အတိအကျ မသတ်မှတ်ရသေးပင်မယ့် ၂၀၂၀ ကျမှ ရုံတင်နိုင်လိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ 

ခြူး

ကိုးကား-ဘီဘီစီ