လာ့စ်ဗီးဂတ်စ်ဖျော်ဖြေပွဲတွေကို စတင်လိုက်တဲ့ လေဒီဂါဂါ

၃၁ ဒီဇင်ဘာ

 

အမေရိကန်ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါဟာ လတ်တလောမှာတော့ ဖျော်ဖြေရေး စင်မြင့်ပေါ် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ရှင်သစ်" A Star is Born"နဲ့ အော်စကာ ဆန်ခါတင်စာရင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့ လေဒီဂါဂါဟာ ပြီးခဲ့တဲ့ စနေနေ့မှာတော့ လာ့စ်ဗီးဂတ်စ်မှာ ဖျော်ဖြေခဲ့တာဖြစ်ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ပ်ကြယ်ပွင့်က သူ့ရဲ့  "Lady Gaga Enigma Show" ဖျော်ဖြေပွဲကို လာ့စ်ဗီးဂတ်စ်မှာ စတင်ဖျော်ဖြေပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာလည်း လေဒီဂါဂါက ထူးခြားတဲ့ ဖျော်ဖြေမှုပုံစံတွေနဲ့ တင်ဆက်ခဲ့ပြီး အဆိုပါဖျော်ဖြေပွဲကို ပရိသတ် ၅၂၀ဝ ခန့် လာရောက်အားပေး ခဲ့တယ်လို့ သိရပါတယ်။

 

ဒီဖျော်ဖြေပွဲကို ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ အနုပညာရှင်တွေလည်း တက်ရောက်အားပေးခဲ့ကြတာ တွေ့ရပါတယ်။ ဒီအထဲမှာတော့ ပေါ့ပ်ကြယ်ပွင့် ကတ်တီပါရီနဲ့ မင်းသား အော်လန်ဒိုဘလွန်းတို့ စုံတွဲလည်း ပါဝင်နေကြောင်း သိရပါတယ်။

 

အေးပြည့်