ဗီယင်ကျန်း ၃၀ ဇူလိုင်
လာအိုအစိုးရသည် Xe-Pian XeMamnoy ရေအားလျှပ်စစ်ဆည် စီမံကိန်းတွင်ပါဝင်ကြသော နိုင်ငံများနှင့်အတူ ပူးပေါင်းကာ ဆည်ကျိုးရခြင်းအကြောင်းကို စုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ထောင်လွန်းစီဆုလစ် က ပြောသည်။
၄၁၀ မဂ္ဂါဝပ်ရှိ ရေအားလျှပ်စစ် စီမံကိန်းသည် တောင်ကိုရီးယားမှ SK အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် Korea Weatern Power ကုမ္ပဏီ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံမှ ရက်ချ်ဘူရီ လျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်သည့် ရေအားလျှပ်စစ် စီမံကိန်းလည်းဖြစ်သည်။
ဇူလိုင် ၂၃ ရက်က အဆိုပါဆည် ကျိုးပေါက်ခဲ့ပြီး အနီးအနားကျေးရွာများသို့ ရေများလွှမ်းမိုးခဲ့သည်။ လူကိုးဦး သေဆုံးသည်ဟု အတည်ပြုနိုင်ခဲ့ပြီး လူပေါင်း ၁၀ဝ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ဆည်ကျိုးရခြင်း အကြောင်းကို ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးသွား မည်ဖြစ်ကြောင်း လာအိုဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု နေ့စဉ်ထုတ် အွန်လိုင်းသတင်းစာဖြစ်သော ဗီယင်ကျန်းတိုင်းမ်သတင်းတွင် ဖော်ပြထားသည်။
လာအိုဒီမိုကရက်တစ် အစိုးရသည် အဆိုပါကုမ္ပဏီများ၏ နိုင်ငံများနှင့်အတူ ပူးပေါင်းကာ ယင်းပြဿနာကို အဖြေရှာသွားမည်ဖြစ်ကြောင်း ဆည်ကျိုးမှုကြောင့် ဘေးဒုက္ခရောက်နေသည့် ပြည်သူများကို ထောက်ပံ့ပေးအပ်သည့် အခမ်းအနားတွင် ပြောခဲ့သည်။ အစိုးရဘက်မှ ကဏ္ဍပေါင်းစုံတွင် ကူညီပေးသွား မည်ဖြစ်ကြောင်း ခင်မင်ရင်းနှီးသည့် တိုင်းပြည်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများတွင် ကူညီကြမည်ဟုလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဆင်ဟွာ