ကယ်လီဖိုးနီးယားပစ်ခတ်မှုတွင် လူလေးဦးထက်မနည်း ဒဏ်ရာရ

၂ ဇူလိုင်

 

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အော့ကလန်မြို့ အမြန်လမ်း Interstate 580 တစ်လျှောက်တွင် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် လူလေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရ ရဲတပ်ဖွဲ့က တွစ်တာတွင် ရေးသားထားသည်။

 

အော့ကလန်ရဲဌာန သည် ၁၀၆ ရိပ်သာလမ်းရှိ အမြန်လမ်း Interstate 580 တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကို ကယ်လီဖိုးနီးယား အမြန်လမ်းကင်းလှည့် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နေသည်။

 

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားနေချိန်တွင် ဒဏ်ရာရသူလေးဦး ရှိကြောင်း ဖော်ပြထားသည်။

 

ထိုအမြန်လမ်း ယာဉ်အသွားအလာများကို ပိတ်ထားပြီး အခြားလမ်းကြောင်းများကို အသုံးပြုရန် အော့ကလန်ရဲဌာနက တွစ်တာတွင် ရေးသားထားသည်။

 

ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ယင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး black Infiniti M35 မော်တော်ယာဉ်တွင် စီးနင်းလိုက်ပါလာသူ လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

 

၎င်းဒဏ်ရာရသူ လေးဦးကို ဒေသန္တရဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ၎င်းတို့အားလုံး အခြေအနေတည်ငြိမ်နေဆဲ ဖြစ်ကြောင်း ကယ်လီဖိုးနီးယားအမြန်လမ်းကင်းလှည့်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

 

ပစ်ခတ်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို