ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး

မယ်စဲ့ ၂၂ ဇူလိုင် 

 


ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်း၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီခွဲက မယ်စဲ့မြို့ဧည့်ရိပ်သာ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ ဆွေးနွေးသည်။

 


တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဌာနများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနများနှင့်ကုမ္ပဏီများ မြေပြင်၌ တွေ့ကြုံရသည့် အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့မီးလင်းရေးနှင့် မြို့တွင်းပလပ်ဖောင်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားဆွေးနွေးသည်။


 

ိ္နတါ


ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး တွန်းအားပေးကြီးကြပ်ဆောင်ရွက်နေမှု အခြေအနေနှင့် စိုက်ပျိုးရာသီတွင် ဒေသခံတောင်သူဦးကြီးများအတွက် လယ်ထွန်စက်များ ငှါးရမ်းအသုံးပြုနိုင်းရေးတို့ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက ရုံးအဆောက်အဦ ဆောက်လုပ်နေမှုလုပ်ငန်း အားနည်းနေမှုအခြေအနေ၊ မြို့တွင်းလမ်းများရေစီးရေလာ ကောင်းမွန်စေရေး၊ နတလဦးစီးဌာနမှ ဆောက်လုပ်ပေးလျက်ရှိသည့် တန်ဖိုးနည်းအိမ်ရာများနှင့် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးနေမှုအခြေအနေ၊ သစ်ပင်စိုက်ပျိုးပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်း၊ မဲစာရင်းကောက်ယူမှုအခြေအနေ၊ မြို့တွင်း နိုင်လွန်ကတ္တရာလမ်းပေါ်တွင် သံဘီးတပ်ယာဉ်များ မောင်းနှင်နေမှု၊ နမ့်မန်းဆည်ရေမြောင်းတွင် ပေ ၂၀ ခန့်ပြိုကျမှုကြောင့် မြောင်းပတ်ဆို့မှု အခြေအနေများကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ရေးလုပ်ငန်းများ အားနည်းပါက စစ်ဆေးတွေ့ရှိချက်များကို ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြရန်၊ ဒေသ၏လိုအပ်ချက်များကို နှစ်စဉ်စီမံကိန်းရေးဆွဲရာတွင် ထည့်သွင်းလျာထားရေး အလေးထားဆောင်ရွက်ရန်၊ နယ်စပ်မြို့ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေးသည် အရေးကြီးကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့် မိမိတို့ဌာန၏ ဥပဒေ၊ နည်းဥပဒေများကို ပြည်သူများသိရှိအောင် ချပြရှင်းလင်းသင့်ကြောင်း၊ တွေ့ရှိပါက ထိထိရောက်ရောက် အရေးယူရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ကဏ္ဍအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအမံများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


 

္နတအ၃၄


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အ.ထ.က(မယ်စဲ့)ကျောင်းရှေ့ရှိ အရှိန်လျော့ကုန်းဆောင်ရွက်ထားမှုနှင့် ကျောင်းဝင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး မြေသားရေမြောင်းဖောက်လုပ်ထားမှု အခြေအနေ၊ မယ်စဲ့-ဟိုစဲ့ လမ်းဘေးဝဲယာတစ်လျောက် ပလပ်ဖောင်းတည်ဆောက်ခြင်းနှင့် ကျောက်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း၊ နယ်စပ်ဈေး ရှေ့ကျောက်စီရေမြောင်း ပြန်လည်ဖောက်လုပ်မည့် အခြေအနေ၊ တောင်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်နေမှုအခြေအနေ၊ မြို့နယ်အားကစားကွင်းအတက်လမ်း ဖောက်လုပ်ထားမှုနှင့် အားကစားကွင်းအတွင်း မြေကျွံနေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ပြည်သူ့ဆေးရုံ အတက်/အဆင်းလမ်းအား အများပြည်သူများ အဆင်ပြေချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ရေး ဆောင်ရွက်မည့်အခြေအနေ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက်အဦ ဆောက်လုပ်နေမှုလုပ်ငန်း၊ မန်းဘခိုင်လမ်းတွင် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနရုံးရှေ့ ရေတိုက်စားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရေး တွက်ချက်တင်ပြရန် သက်ဆိုင်ရာဌာနများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 


ဝတ်ရည်(ပြန်/ဆက်)