လွိုင်ကော်            ဧပြီ               ၂

 

ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်အသီးသီး၏ စာစစ်ဌာန လေးခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့တွင် သင်္ချာ ဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၅၇၅ ဦး အေးချမ်းစွာဖြေဆိုခဲ့သည်။

 

ပြည်နယ်အတွင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ စားမေးပွဲ အဆင်ပြေ ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများတွင် ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများက လိုအပ်သည်များ ကူညီပံ့ပိုး ပေးကြသည်။

 

ကယားပြည်နယ်တွင် သင်္ချာဘာသာရပ်အား ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၇၅ ဦးနှင့် ပျက်ကွက် ၂၀၅ ဦးအနက် မယ်စဲ့မြို့နယ်တွင် ကိုဗစ်လူနာ ဆေးရုံဖြေ နှစ်ဦးဖြစ်ပြီး ဖြေဆိုသည့် ရာခိုင်နှုန်း ၇၃ ဒသမ ၇၂ ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)