နေပြည်တော် ၁၃ ဧပြီ
ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါ)
ပြင်းထန်ဝမ်းပျက်ရောဂါသည် ဝမ်းရောဂါဖြစ်ပွားစေသော ကာလဝမ်းရောဂါပိုး (Vibrio Cholerae) ကဲ့သို့သော ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအစားများ စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေသည်။
• ကာလဝမ်းရောဂါပိုးသည် ရောဂါဖြစ်သူထံမှ စွန့်ပစ်လိုက်သော မစင်တွင် ပါဝင်သည်။
• ဝမ်းလျှောရောဂါ ပြင်းထန်သောအခါ ခန္ဓာကိုယ်အတွင်းမှ ရေနှင့်ဓာတ်ဆားများ လျင်မြန်စွာ ကုန်ခမ်းသွားသောကြောင့် အရည်ခမ်းခြောက်ခြင်းကို ဖြစ်စေသည်။
• ရောဂါပြင်းထန်ပြီး အချိန်မီ ဆေးကုသမှု ခံယူခြင်းမရှိက အသက်ဆုံးရှုံးနိုင်သည်။
ကူးစက်နိုင်သည့် နည်းလမ်းများ
• မသန့်ရှင်းသောရေကို သောက်သုံးမိခြင်း
• ယင်လုံအိမ်သာ ဆောက်လုပ်သုံးဆွဲမှု အားနည်းခြင်း
• ယင်နားစာများနှင့် မသန့်ရှင်းသော အစားအစာများ စားသုံးခြင်း
• ပတ်ဝန်းကျင် သန့်ရှင်းမှု နည်းပါခြင်း/ မရှိခြင်း
• တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်း
• အိမ်သာတက်ပြီး လက်မဆေးခြင်း
• အစာမစားမီ လက်ကို စင်ကြယ်စွာ မဆေးခြင်း
• တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း
ရောဂါလက္ခဏာများ
• အရည်ဝမ်းသွားခြင်း
• အော့အန်ခြင်း
• ခန္ဓာကိုယ် အတွင်းရှိ ရေနှင့် ဓာတ်ဆားများလျင်မြန်စွာ ဆုံးရှုံး၍ အင်အားကုန်ခမ်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စသည်တို့ ဖြစ်ပွားပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
ပြင်းထန်သော လက္ခဏာရှိက အသက်ဆုံးရှုံးမှုမှ ကာကွယ်ရန် ရောဂါဖြစ်ပွားလျှင် ဖြစ်ပွားချင်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်၍ ကုသမှုခံယူပါ။
ပြင်းထန်ဝမ်းပျက်ရောဂါ မဖြစ်ပွားစေရန်
• ရေကို ကျိုချက်၍သော်လည်းကောင်း၊ ကလိုရင်းဆေးခပ်၍ သော်လည်းကောင်း အသုံးပြုပါ။
• အစားအစားများကို ယင်မနားစေရန် ဖုံးအုပ်ထားပါ။
• အစားအစာများကို ပူပူနွေးနွေးစားပါ။
• မှိုတက်နေသော အစားအစာများ၊ ယင်နားစာများ၊ အမှည့်လွန်သော အသီးများကို မစားပါနှင့်။
• သန့်ရှင်းသော ယင်လုံအိမ်သာများ ဆောက်လုပ်အသုံးပြုပါ။
• အစားမစားမီနှင့် အိမ်သာမှဆင်းလျှင် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။
• လူနာ၏ အဝတ်အစားများကို သောက်သုံးရေကန်အနီးတွင် မလျှော်ဖွပ်ရ။
(ဆေးရုံတက်လူနာများ ဆေးရုံတွင်သာ သီးသန့် လျှော်ဖွပ်ပါ။)
• ကလေးငယ်များ၏ မစင်ကိုလည်း ယင်မနားအောင် စနစ်တကျ စွန့်ပစ်ပါ။
• အစားအစာများကို မကိုင်မီ၊ အစားအစာများကို မပြင်ဆင်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးလျှင် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။
• ဝမ်းပျက်ဝမ်းလျှောပြင်းထန်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသပါ။ ဓာတ်ဆားရည်သောက်ပါ။
ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။
MDN