ကုလသမဂ္ဂ အထွေထွေညီလာခံ၏ လုံခြုံရေး တင်းကျပ်

၂၄ စက်တင်ဘာ 


နယူးယောက်မြို့တွင် ကုလသမဂ္ဂအစည်းအဝေးတက်ရောက်ရန် ကမ္ဘာ့ခေါင်းဆောင်များ စုရုံး‌ရောက်ရှိနေသည့် အတွက် နယူးယောက်မြို့ရှိ ရဲများအနေနှင့် လုံခြုံရေးတင်းကျပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။ 


နိုင်ငံပေါင်း ၁၂၀ ကျော်မှ ခေါင်းဆောင်များသည် အဆိုပါညီလာခံတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ရာ ကုလသမဂ္ဂ ဌာနချုပ်အနီးရှိ လမ်းမများကို သွားလာမှုပိတ်ထားပြီး အဆိုပါလမ်းများတွင် လက်နက်ကိုင်ရဲများကိုလည်း တာဝန်ချထားလျက်ရှိသည်။ 


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နေထိုင်ရာ ထရန့်တာဝါရှေ့တွင် သံသယဖြစ်ဖွယ် မော်တော်ယာဉ်များ ဝင်ရောက်ခြင်း မပြုနိုင်ရန် ထရက်ကားကြီးများဖြင့် စီတန်းထားကြောင်း သိရသည်။ Fifth Avenue ဟုလူသိများသည့် ဇိမ်ခံပစ္စည်းရောင်းချသော စတိုးများဆိုင်များရှိရာ အဆောက်အဉီသို့ သွားရောက်မည့် ဈေးဝယ်များ အနေနှင့် အခြားလမ်းမှ ရှောင်၍ သွားကြရန်မှာကြားထားသည်။ 


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-စုရည်