ကတ်ရှ်မီးယားအရေး ရှုပ်ထွေးနေချိန် တရုတ်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့ တွေ့ဆုံ

နယူးဒေလီ  ၁၃  အောက်တိုဘာ

ကက်ရှ်မီးယားဒေသတွင် အငြင်းပွားမှုဖြစ်နေချိန်တွင် တရုတ်သမ္မတ ရှိကျင့်ဖျင်နှင့်အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီတို့သည် အိန္ဒိယနိုင်ငံ မဟာဘလီပူရမ်မြို့တွင် မကြာသေးမီက တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲတွင် နှစ်နိုင်ငံအနေဖြင့် အစွန်းရောက်ဝါဒသွတ်သွင်းမှုများကို ဆန့်ကျင်ရာတွင် ပူးပေါင်းဆောင်ရွက်သွားရေး ခေါင်းဆောင်နှစ်ဦးတို့ ကတိပြုခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီဂျေးဂိုခါလီက ပြောကြားခဲ့သည်။

သြဂုတ်လတွင် အိန္ဒိယနိုင်ငံက ဂျမူးနှင့်ကက်ရှ်မီးယားပြည်နယ်ကို နှစ်ပိုင်းခွဲကြောင်း ကြေညာခဲ့ကြောင်း နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွားလာချိန်တွင် ယခုလို တရုတ်နှင့် အိန္ဒိယခေါင်းဆောင်နှစ်ဦးတို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါကြေညာချက်ကြောင့် တရုတ်နိုင်ငံက ပိုင်ဆိုင်ထားသည်ဟု ကြေညာထားသော လာဒက်ဒေသ တစ်စိတ်တစ်ပိုင်းသည်လည်း အိန္ဒိယ၏ သီးခြားအုပ်ချုပ်မှုနယ်မြေတစ်ခုအဖြစ် ရောက်ရှိသွားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံက ကက်ရှ်မီးယားအရေး ကြေညာချက်ထုတ်ပြန်လိုက်ပြီးနောက်တွင် မွတ်စလင်အများစုနေထိုင်ရာ ကက်ရှ်မီးယားဒေသအများစုကို ထိန်းချုပ်ထားသည့် ပါကစ္စတန်ကို တရုတ်တို့က သံတမန်ရေးအရ ထောက်ခံခဲ့သည့်အတွက် အိန္ဒိယနိုင်ငံအနေဖြင့် အနည်းငယ် ဘဝမကျခဲ့ကြောင်း သိရသည်။

အေအက်ဖ်ပီ