ကသာမြို့နယ် ဧရာဝတီမြစ်အတွင်းမှ တရားမဝင်ကညင်သစ် (၁၁၃ ဒသမ ၃၀၂) တန် ဖမ်းမိ

ကသာ ၂၇ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အထက်ဝဲကြီးကျေးရွာအနီး၊ ဧရာဝတီမြစ်အတွင်းမှ တရားမဝင် ကညင်သစ်လုံးများ ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ကသာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦး ဦးစီးသော သစ်တောအဖွဲ့သည် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သက်သေများနှင့်အတူ ကသာမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်နေစဉ် ကသာမြို့နယ်၊ အထက်ဝဲကြီးကျေးရွာအနီး၊ ဧရာဝတီမြစ်အတွင်း၌ ဝါးဖောင်များဖြင့် သိုဝှက်သယ်ဆောင်လာသော တရားမဝင် ကညင်သစ် (၅၇) လုံး (၁၁၃ ဒသမ ၃၀၂) တန် ရှာဖွေစစ်ဆေးတွေ့ရှိရသဖြင့် သစ်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လူအောင်(ကသာ)

 

mdn