ကရင်ပြည်နယ်မှ ဝန်ထမ်းများ၊ ပင်စင်စားများ၊ ပြည်သူများအတွက် တည်ဆောက်ပေးခဲ့သော အငှားနှင့် အရောင်းအိမ်ရာများ

ခရမ်းစိုးမြင့်

ကရင်ပြည်နယ်သည် ၁၁၇၃ ဒသမ ၈၅၁ စတုရန်းမိုင်ကျယ်ဝန်း၍ ပြည်နယ်အတွင်း လူဦးရေမှာ ၁၆၈၈၆၅၃ ဦးရှိသည်။ ပြည်နယ်အတွင်း၌ တောင်ကုန်းတောင်တန်းများ ပေါများပြီး သစ်တောများဖုံးလွှမ်းနေသောကြောင့် မြေပြန့်လွင်ပြင်များ နည်းပါးသည်။ ဘားအံမြို့နယ်တွင် ဇွဲကပင်တောင်တန်းများ တည်ရှိသော်လည်း ကျန်ရှိသော မြေမျက်နှာသွင်ပြင်များသည် အများအားဖြင့် ညီညာပြန့်ပြူး၍ ပင်လယ်ရေမျက်နှာပြင်အထက် ၅၆ ပေမှ ၃၇၁၇ ပေအထက်တွင် တည်ရှိသည်။

ကရင်ပြည်နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနမှ ပြည်နယ်ပြည်သူများ အတွက် တန်ဖိုးသင့်အရောင်းအိမ်ရာ၊ အငှားအိမ်ရာများနှင့် ဝန်ထမ်းများ အတွက် ဝန်ထမ်းအိမ်ရာများကို ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တည်ဆောက်ပေးလျက် ရှိသည်။

ယင်းသို့ တည်ဆောက်ပေးလျက်ရှိရာ ပြည်နယ်အတွင်း၌ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ပြည်သူ့ အငှားအိမ်ရာကဏ္ဍတွင် ဘားအံမြို့ ကြာအင်းတောင်၌ အငှားအိမ်ရာများအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း လေးခန်းတွဲ သုံးထပ်လေးလုံး၊ အခန်း ပေါင်း ၄၈ ခန်း တည်ဆောက်ခဲ့ပြီး ကရင်ပြည်နယ်အတွင်းမှ ပြည်သူ၊ ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများအား နေရာချထားပေးပြီးဖြစ်သည်။ ၎င်းနောက် ဘားအံမြို့ ငြိမ်းချမ်းသာယာအငှားအိမ်ရာ၌ တစ်ထပ်လုံးချင်း အလုံး ၂၀၊ အခန်းပေါင်း ၂၀ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း န.တ.လ ထံမှ လွှဲပြောင်းယူခဲ့ပြီး ဝင်ငွေနည်း ပြည်သူများအား နေရာချထားပေးပြီး ဖြစ်သည်။ ၎င်းနောက် မြဝတီမြို့၌ အငှားအိမ်ရာ အမှတ်(၁)အဖြစ် တစ်ထပ်လုံးချင်းအလုံး ၅၀၊ အခန်း ပေါင်း ၅၀ ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်အတွင်း တည်ဆောက်ခဲ့ပြီး ဝင်ငွေ နည်းပြည်သူများအား နေရာချထားပေး ခဲ့သည်။ မြဝတီမြို့၌ပင် အငှားအိမ်ရာ အမှတ်(၂)အဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်အတွင်း လေးခန်းတွဲ သုံးထပ်နှစ်လုံး၊ အခန်းပေါင်း ၂၄ ခန်း တည်ဆောက်ခဲ့ပြီး ပြည်သူ၊ ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်း များအား နေရာချထားပေးခဲ့ပြီးဖြစ် သည်။

ဝန်ထမ်းအိမ်ရာများ

၎င်းအပြင် ဘားအံမြို့ အမှတ်(၅)ရပ်ကွက်၌ ဝန်ထမ်းအိမ်ရာအဖြစ် နှစ်ထပ်ခြောက်ခန်းတွဲ တိုက်အလုံးပေါင်း ၁၃ လုံး၊ အခန်းပေါင်း ၇၈ ခန်းတို့ကို ၁၉၈၀-၁၉၈၁ ဘဏ္ဍာနှစ်တွင် တည်ဆောက် ပေးထားပြီး ဝန်ထမ်းများအား နေရာချထားပေးခဲ့သည်။ ၎င်းအပြင် ဘားအံမြို့၌ပင် မြိုင်ကလေးဝန်ထမ်းအိမ်ရာအဖြစ် တစ်ထပ်လုံးချင်းတိုက် အလုံးပေါင်း ၃၀၊ အခန်းပေါင်း ၃၀ တို့ကိုလည်း ၁၉၉၀-၁၉၉၁ ဘဏ္ဍာနှစ်တွင် တည်ဆောက်ထား ခဲ့ပြီး ဝန်ထမ်းနှင့် ဝင်ငွေနည်းပြည်သူများ အား နေရာချထားပေးခဲ့သည်။

၎င်းအပြင် ဘားအံမြို့ လှာကမြင်ဝန်ထမ်းအိမ်ရာအဖြစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း၌ ခြောက်ခန်းတွဲ နှစ်ထပ် နှစ်လုံး၊ လေးခန်းတွဲနှစ်ထပ် တစ်လုံး၊ နှစ်ခန်းတွဲနှစ်ထပ်တစ်လုံး၊ အခန်းပေါင်း ၃၆ ခန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း၌ ခြောက်ခန်းတွဲ နှစ်ထပ်နှစ်လုံး၊ လေးခန်းတွဲနှစ်ထပ် တစ်လုံး၊ နှစ်ခန်းတွဲနှစ်ထပ်တစ်လုံး၊ အခန်းပေါင်း ၃၆ ခန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ခြောက်ခန်းတွဲ သုံးထပ်နှစ်လုံး၊ လေးခန်းတွဲသုံးထပ် တစ်လုံး၊ နှစ်ခန်းတွဲသုံးထပ် တစ်လုံး၊ အခန်းပေါင်း ၅၄ ခန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း လေးခန်းတွဲသုံးထပ် တစ်လုံး၊ နှစ်ခန်းတွဲသုံးထပ် သုံးလုံး၊ အခန်းပေါင်း ၃၀၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း လေးခန်းတွဲလေးထပ် တစ်လုံး၊ အခန်းပေါင်း ၁၆ ခန်း တည်ဆောက်ခဲ့ သည်။ စုစုပေါင်း ၁၇ လုံး၊ အခန်းပေါင်း ၁၇၂ ခန်းရှိပြီး ဝန်ထမ်းများအား နေရာချထားပေးပြီးဖြစ်သည်။

လှိုင်းဘွဲ့မြို့၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်အတွင်း လှိုင်းဘွဲ့မြို့ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ သုံးထပ်တစ်လုံး၊ အခန်းပေါင်း ၁၂ ခန်း တည်ဆောက်ခဲ့ပြီး ဝန်ထမ်းများအား နေရာချထားပေးပြီးဖြစ်သည်။ သံတောင်မြို့၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်း သံတောင်ကြီးမြို့ ဝန်ထမ်းအိမ်ရာ လေးခန်းတွဲသုံးထပ်တစ်လုံး၊ အခန်းပေါင်း ၁၂ ခန်း တည်ဆောက်ခဲ့ပြီး ဝန်ထမ်းများအား နေရာချထားပေးပြီး ဖြစ်သည်။ လိပ်သိုမြို့၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လိပ်သိုမြို့ဝန်ထမ်း အိမ်ရာ လေးခန်းတွဲသုံးထပ်တစ်လုံး၊ အခန်းပေါင်း ၁၂ ခန်းတည်ဆောက်ခဲ့ပြီး ဝန်ထမ်းများအား နေရာချထားပေးပြီး ဖြစ်သည်။

မြဝတီမြို့ဝန်ထမ်းအိမ်ရာ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မြဝတီမြို့၌ လေးခန်းတွဲသုံးထပ် နှစ်လုံး၊ အခန်းပေါင်း ၂၄ ခန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လေးခန်းတွဲ သုံးထပ်နှစ်လုံး၊ အခန်းပေါင်း ၂၄ ခန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လေးခန်းတွဲ သုံးထပ် တစ်လုံး၊ အခန်းပေါင်း ၁၂ ခန်း တည်ဆောက်ခဲ့သည်။ စုစုပေါင်း ငါးလုံး၊ အခန်းပေါင်း ၆၀ ရှိပြီး ဝန်ထမ်းများအား နေရာချထားပေးပြီးဖြစ်သည်။

၎င်းအပြင် မြဝတီမြို့ (၈.၃၅)ဧကပေါ်၌ စုပေါင်းဝန်ထမ်းအိမ်ရာအပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လေးခန်းတွဲ နှစ်ထပ် တစ်လုံး၊ နှစ်ခန်းတွဲသုံးထပ် တစ်လုံးကို ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံ ငွေဖြင့် တည်ဆောက်ပေးခဲ့သည်။ စုစုပေါင်း နှစ်လုံး၊ အခန်းပေါင်း ၁၄ ခန်း ရှိပြီး ဝန်ထမ်းများအား နေရာချထား ပေးပြီးဖြစ်သည်။

ကော့ကရိတ်မြို့၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ကော့ကရိတ်မြို့ ဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲသုံးထပ် နှစ်လုံး၊ အခန်းပေါင်း ၃၆ ခန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ခြောက်ခန်းတွဲ သုံးထပ် နှစ်လုံး၊ အခန်းပေါင်း ၃၆ ခန်း တည်ဆောက်ခဲ့ပြီး စုစုပေါင်း လေးလုံး၊ အခန်းပေါင်း ၇၂ ခန်းတို့ကို ဝန်ထမ်းများ အား နေရာချထားပေးခဲ့သည်။ ဘုရား သုံးဆူမြို့၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း ဘုရားသုံးဆူမြို့ဝန်ထမ်းအိမ်ရာ လေးခန်းတွဲသုံးထပ် တစ်လုံး၊ အခန်း ပေါင်း ၁၂ ခန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း လေးခန်းတွဲသုံးထပ် တစ်လုံး၊ အခန်း ပေါင်း ၁၂ ခန်း တည်ဆောက်ခဲ့ပြီး စုစုပေါင်း နှစ်လုံး၊ အခန်းပေါင်း ၂၄ ခန်းတို့ကို ဝန်ထမ်းများအား နေရာချ ထားပေးခဲ့သည်။ ဖာပွန်မြို့၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဖာပွန်မြို့ဝန်ထမ်း အိမ်ရာ လေးခန်းတွဲသုံးထပ်တစ်လုံး၊ အခန်းပေါင်း ၁၂ ခန်း တည်ဆောက်ခဲ့ပြီး ဝန်ထမ်းများအား နေရာချထားပေးခဲ့ သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လေးခန်းတွဲသုံးထပ်တစ်လုံး ထပ်မံတည်ဆောက်ခဲ့သော်လည်း နယ်မြေအခက် အခဲအရ ၅၀ ရာခိုင်နှုန်းသာ ဆောင်ရွက် နိုင်ခဲ့သည်။

နိပွန်ဖောင်ဒေးရှင်းပရောဂျက်ဖြင့် ဆောက်လုပ်လှူဒါန်းသော ဝန်ထမ်းအိမ်ရာများ
ဘားအံမြို့ တောင်ကလေးကျေးရွာတွင် လုံးချင်းအိမ်ရာအလုံး ၅၀ ကို နိပွန်ဖောင်ဒေးရှင်း ပရောဂျက်ဖြင့် ဆောက်လုပ်ခဲ့ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း လက်ခံရရှိခဲ့၍ ဝန်ထမ်းများအား နေရာချထားပေးပြီး ဖြစ်သည်။
ထို့အတူ မြဝတီမြို့ မဲကနယ်ကျေးရွာ တွင်လည်း လုံးချင်းအိမ်ရာအလုံး ၅၀ ကို နိပွန်ဖောင်ဒေးရှင်း ပရောဂျက်ဖြင့် ဆောက်လုပ်ခဲ့ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း လက်ခံရရှိခဲ့၍ ဝန်ထမ်းများအား နေရာချထားပေးပြီးဖြစ်သည်။

တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ ဆောက်လုပ်မှု (Affordable Housing)

ဘားအံမြို့ ကြာအင်းတောင်အရောင်း အိမ်ရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လေးခန်းတွဲလေးထပ် သုံးလုံး၊ အခန်း ပေါင်း ၄၈ ခန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ လှည့်ပတ်ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ပြီး အခန်းအားလုံးကို ပြည်သူများသို့ ရောင်းချပြီးဖြစ်သည်။

၂၀၁၇ မှ ၂၀၂၁ အထိ ငါးနှစ်အတွင်း ကရင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက တည်ဆောက်ခဲ့သော ဝန်ထမ်းအိမ်ရာများမှာ ဘားအံမြို့၌ တန်ဖိုးငွေကျပ် ၁၉၂ သန်းတန်ဖိုးရှိ အခန်း ပေါင်း ၁၂ ခန်းပါ တိုက်တစ်လုံး၊ တန်ဖိုး ငွေကျပ် ၂၄၄ ဒသမ ၂၄၈ သန်းတန်ဖိုးရှိ အခန်းပေါင်း ၁၈ ခန်းပါသည့် တိုက်သုံးလုံး၊ ဖာပွန်မြို့၌ တန်ဖိုးငွေကျပ် ၁၉၂ ဒသမ ၁၀၀ သန်းတန်ဖိုးရှိ အခန်းပေါင်း ၁၂ ခန်းပါ တိုက်တစ်လုံး၊ သံတောင်ကြီးမြို့၌ တန်ဖိုး ငွေကျပ် ၁၉၂ ဒသမ ၄၀၀ သန်း တန်ဖိုးရှိ အခန်းပေါင်း ၁၂ ခန်းပါ တိုက်တစ်လုံး၊ ကော့ကရိတ်မြို့၌ တန်ဖိုးငွေကျပ်သန်း ၅၇၀ တန်ဖိုးရှိ အခန်းပေါင်း ၃၆ ခန်းပါ တိုက်နှစ်လုံး။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဘုရား သုံးဆူမြို့၌ တန်ဖိုးငွေကျပ် ၁၉၈ သန်း တန်ဖိုးရှိ ၁၂ ခန်းပါတိုက်တစ်လုံး၊ လိပ်သို မြို့၌ တန်ဖိုးငွေကျပ် ၁၉၉ သန်းတန်ဖိုးရှိ ၁၂ ခန်းပါ တိုက်တစ်လုံး၊ မြဝတီမြို့၌ တန်ဖိုးငွေကျပ် ၃၈၈ သန်းတန်ဖိုးရှိ ၂၄ ခန်းပါ တိုက်နှစ်လုံး။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လှိုင်းဘွဲ့မြို့၌ တန်ဖိုးငွေကျပ် ၂၇၆ ဒသမ ၂၅၀ သန်းတန်ဖိုးရှိ ၁၂ ခန်းပါ တိုက် တစ်လုံး၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် မြဝတီ မြို့၌ ငွေကျပ် ၂၆၀ ဒသမ ၅၆၈ သန်း တန်ဖိုးရှိ ၁၂ ခန်းပါ တိုက်တစ်လုံး၊ ဘုရား သုံးဆူမြို့၌ ငွေကျပ် ၂၅၃ ဒသမ ၄၈၅ သန်း တန်ဖိုးရှိ ၁၂ ခန်းပါ တိုက်တစ်လုံး၊ မြဝတီ မြို့၌ပင် ငွေကျပ် ၁၀၈ သန်းတန်ဖိုးရှိ ခြောက်ခန်းပါ တိုက်တစ်လုံး။

 ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဘားအံ မြို့၌ ငွေကျပ် ၃၃၁ ဒသမ ၃၇၃ သန်း တန်ဖိုးရှိ ၁၆ ခန်းပါ တိုက်တစ်လုံး၊ ဖာပွန်မြို့၌ ငွေကျပ် ၁၁၅ ဒသမ ၂၅၀ သန်းတန်ဖိုးရှိ ၁၂ ခန်းပါ တိုက်တစ်လုံး တို့ကို တည်ဆောက်ပေးခဲ့ပြီး တန်ဖိုး သင့်အိမ်ရာများအဖြစ် ၂၀၁၇-၂၀၂၁ ခုနှစ်အထိ ငါးနှစ်အတွင်း ကရင် ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသည် တန်ဖိုးသင့် အရောင်း အိမ်ရာ ငွေကျပ် ၉၂၄ ဒသမ ၄၂၅ သန်း တန်ဖိုးရှိ ၄၈ ခန်းပါရှိသော တိုက်သုံးလုံး ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ တည် ဆောက်ပြီး တိုက်အားလုံးကို ရောင်းချ ပေးပြီးဖြစ်ကြောင်း သိရသည်။

နိပွန်ဖောင်ဒေးရှင်း ပရောဂျက်ဖြင့် ဆောက်လုပ်လှူဒါန်းသော ဝန်ထမ်း အိမ်ရာများမှာ ၂၀၂၀-၂၀၂၁ တွင် ဘားအံ မြို့ တောင်ကလေး၌ အခန်း ၅၀ ပါဝင်သည့် လုံးချင်းတိုက်အလုံး ၅၀ နှင့် မြဝတီမြို့ မဲကနယ်ကျေးရွာ၌ လုံးချင်း အိမ်ရာအလုံး ၅၀ တို့ ဖြစ်သည်။

သို့ဖြစ်၍ ကရင်ပြည်နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသည် ဝန်ထမ်းများ၊ ပင်စင်စားများနှင့် ပြည်သူ များအတွက် နေထိုင်ရေးမပူပင်ရအောင် ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ၊ ပင်စင်စားများအတွက် အငှားအိမ်ရာ၊ တိုက်တန်ဖိုးသင့် အရောင်းအိမ်ရာတို့ ကို တည်ဆောက်နေရာချ၊ ငှားရမ်း၊ ရောင်းချပေးခဲ့သဖြင့် ဝန်ထမ်းများ၊ ပင်စင်စားများ၏ နောင်ရေးအတွက် စိတ်ချလုံခြုံစွာ နေထိုင်ကြပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။