ကရင်ပြည်နယ်အတွင်းရှိ မြစ်ရေတင်စီမံကိန်း(၆)ခုမှ နွေသီးနှံစိုက်ဧက ၂၂၆၁ ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရန် ဆောင်ရွက်လျက်ရှိ

နေပြည်တော် အောက်တိုဘာ ၄

 

ကရင်ပြည်နယ်အတွင်းရှိ မြစ်ရေတင်စီမံကိန်း()ခုမှ နွေသီးနှံစိုက်ဧက ၂၂၆၁ ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ သိရသည်။

 

“ပြည်နယ်မှာ မြစ်ရေတင်စီမံကိန်း()ခု ရှိပါတယ်။ စီမံကိန်းအကျိုးပြုဧက (၆၀၀၀) ဖြစ်ပါတယ်။ ကမ်းနီမြစ်ရေတင်လုပ်ငန်းဟာ ဒီဇယ်ကနေ လျှပ်စစ်မြစ်ရေတင်ကို အဆင့်မြှင့်တင်ပြုပြင်လျက်ရှိတာကြောင့် ရေပေးဝေခြင်းမရှိဘဲ ကျန်မြစ်ရေတင်လုပ်ငန်း (၆)ခုကနေ ရေပေးဝေလျက်ရှိပါတယ်။ ဆိုလာတပ်ဆင်ထားတဲ့ နောင်ခရိုင် ဆိုလာရေတင်ကတော့ နွေသီးနှံရာသီမှာ ဒေသခံတောင်သူတွေရဲ့ စိုက်ပျိုးဧက (၁၀၀)ကို ရေပေးဝေသွားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာဒုတိယအပတ် လောက်ကနေစပြီး ရေပေးဝေဖို့ လျာထားဆောင်ရွက်လျက် ရှိပါတယ်၊ မိုးစပါးအောင်ရေ လိုအပ်တဲ့ လယ်ဧက (၄၀၀၀)ခန့် ရေပေးဝေဖို့အတွက် ကြိုတင်စီမံ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ကရင်ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားသည်။

 

ကရင်ပြည်နယ်အတွင်း တရုတ်လှ၊ ဘားကပ်၊ ထုံးအိုင်၊ ဇာသပြင်၊ သံလှယ်နှင့် ဂျိုင်း စသည့် မြစ်ရေတင်စီမံကိန်း ()ခုမှ စိုက်ပျိုးရေပေးဝေလျက်ရှိသည်။

 

စိုက်ပျိုးရေ ပေးဝေမှုအနေဖြင့် ၂၀၁၆-၂၀၁၇ တွင် မိုးစပါး(၂၀၅)ဧကနှင့် နွေသီးနှံ (၁၄၁၆)ဧက၊ ၂၀၁၇-၂၀၁၈ တွင် မိုးစပါး(၂၁၁) ဧကနှင့် နွေသီးနှံ(၁၁၀၆) ဧက၊ ၂၀၈-၂၀၉ တွင် မိုးစပါး (၄၇၈) ဧကနှင့် နွေသီးနှံ (၁၆၃၈)ဧက၊ ၂၀၁၉-၂၀၂၀ တွင် မိုးစပါး  (၃၃၂) ဧကနှင့် နွေသီးနှံ (၁၇၉၇) ဧက၊ ၂၀၂၀-၂၀၂၁ တွင် မိုးစပါး (၂၂၅)ဧကနှင့် နွေသီးနှံ (၂၀၃၃)ဧကနှင့် ၂၀၂၁-၂၀၂၂တွင် မိုးစပါး (၃၂၅)ဧက၊ နွေသီးနှံ(၂၄၈၆)ဧက စိုက်ပျိုးရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့ဦးစီးဌာနအနေနဲ့ ဒေသရဲ့လိုအပ်ချက်၊ ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် ရေစီမံခန့်ခွဲမှု လုပ်ငန်းတွေကို စနစ်တကျ စီမံအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ မြစ်ရေတင် ရေသောက်ဧရိယာအတွင်းမှာရှိတဲ့ တောင်သူတွေရဲ့ လယ်ယာတွေ အောင်ရေရရှိဖို့၊ နွေစပါး၊ နွေသီးနှံ၊ သီးထပ်စိုက်ပျိုးနိုင်ဖို့နဲ့ တစ်နှစ်ပတ်လုံး စိုက်ပျိုးရေ ဖြည့်စွက်ပေးဝေနိုင်ဖို့အတွက် ကော့ကရိတ်မြို့နယ်မှာ ကမ်းနီလျှပ်စစ်မြစ်ရေတင် ဧက(၅၀၀)ကို ဒီဇယ်ရေတင်ကနေ လျှပ်စစ်မြစ်ရေတင်အဖြစ် ယခု ဘဏ္ဍာနှစ်မှာ စတင်ဆောင်ရွက်လျက် ရှိပါတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)သည် လှိုင်းဘွဲမြို့နယ်တွင် စိုက်ဧက (၁၀၀၀) စိုက်ပျိုးရေပေးဝေနိုင်မည့် ကော့နွဲ့လျှပ်စစ်မြစ်ရေတင် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အကြိုဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှုများ ဆောင်ရွက်ထားရှိပြီး မြစ်ရေတင်စီမံကိန်းအသစ် တည်ဆောက်နိုင်ရန်အတွက် (၂၀၂၄-၂၀၂၅)ခု ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)သည် တောင်သူများ၏ စိုက်ပျိုးမြေများ စိုက်ပျိုးရေကို အလေ့အလွင့်မရှိ စနစ်တကျပေးဝေနိုင်စေရန်အတွက် ရေအသုံးချသူ တောင်သူများကိုယ်တိုင် ပါဝင်သည့် ရေအသုံးချသူများအဖွဲ့ (WUG) များကို ဖွဲ့စည်းထားပြီး မြစ်ရေတင်စီမံကိန်း ဧရိယာအတွင်း ရေအသုံးချသူများအဖွဲ့ (၃၉)ဖွဲ့ ဖွဲ့စည်းထားရှိကြောင်း သိရသည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)အနေဖြင့် ကရင်ပြည်နယ်အတွင်း သောက်သုံးရေခက်ခဲသည့် ဒေသများတွင် တွင်းတူးစက်ကြီး (၂)စီးဖြင့် သန့်ရှင်းသော သောက်သုံးရေရရှိရန် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်အတွင်း စက်ရေတွင်း (၁၃၄)တွင်းကို တူးဖော်ပေးခဲ့ကြောင်း သိရသည်။

 

သန်းမင်းအောင်(သတင်းစဉ်)