ကမမောင်း မတ် ၁၅

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကမမောင်းမြို့တွင် ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ခြင်ထောင် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဆွေမြတ်မျိုးကြွယ်  ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် ဆွေမြတ်မျိုးကြွယ် ဘုန်းတော်ကြီးကျောင်းမှ စာချဆရာတော် ဦးသီရိအား ဦးထိပ်ထား၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ပွဲရှောင်ပြည်သူများအား ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများက တိုက်ပွဲရှောင်အိမ်ထောင်စု (၃၉၉)စု၊ လူဦးရေ (၁၈၇၇)ဦးအတွက် တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည်၊ ဆီ(၁)ဘူး၊ ပဲ(၁)ပိဿာ၊ ခြင်ထောင်(၁)လုံး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ယဉ်ယဉ်အေး(ပြန်/ဆက်)