ကပ်ရောဂါဖြစ်နိုင်ချေရှိတဲ့ ဝက်တုပ်ကွေး ရောဂါပိုးအသစ် တရုတ်နိုင်ငံမှာတွေ့ရှိကြောင်း လေ့လာတွေ့ရှိ

၃၀ ဇွန်

 

တရုတ်နိုင်ငံမှာတွေ့ရှိတဲ့ ကပ်ရောဂါဖြစ်နိုင်ချေရှိတဲ့ ဝက်တုပ်ကွေး ရောဂါပိုးအသစ်ကို တရုတ်နိုင်ငံတွင် ရောက်ရှိနေတဲ့ ပညာရှင်တွေက ပြောပြောပါတယ်။

 

အခုတွေ့ရှိတဲ့ပိုးကို G4 EA H1N1 လို့ အမည်ပေးထားပြီး၊ ၂၀၀၉ ခုနှစ်က ကပ်ရောဂါဖြစ်စေတဲ့ H1N1 မျိုးဗီဇရှိကြောင်း အမေရိကန်နိုင်ငံထုတ် သိပ္ပံဂျာနယ် PNAS မှာရေးသားထားပါတယ်။

 

အဲဒီရောဂါပိုးမှာ ချက်ချက်လူတွေကို ဒုက္ခမပေးနိုင်သေးပေမယ့် လူတွေကို ကူးစက်စေနိုင်တဲ့ အချက်အလက်တွေ ပါရှိကြောင်း၊ အဲဒီပိုးကို အနီးကပ်စောင့်ကြည့်ရန်လိုအပ်ကြောင်း သုတေသနပညာရှင်တွေက ပြောပါတယ်။

 

သုတေသနပညာရှင်တွေက ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တရုတ်နိုင်ငံရှိ ပြည်နယ် ၁၀ ခုမှ ဝက်သားထုတ်လုပ်တဲ့ ဝက်ခြံတွေမှ ဝက်ကောင်ရေ ၃၀,၀၀၀ ရဲ့ နှာခေါင်းတို့ဖက်တွေကို ယူပြီး ရောဂါပိုးစစ်ဆေးခဲ့တာဖြစ်ပြီး၊ တိရစ္ဆာန်ဆေးကုပေးတဲ့ ဆေးရုံတစ်ရုံမှာ  ဝက်တုပ်ကွေးဗိုင်း ၁၇၉ ခုကို သီးခြားစီထားပြီး စမ်းသပ်တာဖြစ်ပါတယ်။

 

အခုတွေ့ရှိတဲ့ ဝက်တုပ်ကွေးဟာ ၂၀၀၉ ခုနှစ်က တွေ့ရှိတဲ့ ဝက်တုပ်ကွေးလိုမျိုးလို ဖြစ်ပေမယ့် ဗိုင်းရပ်စ်ပိုးမှာ အပြောင်းအလဲ အနည်းအငယ်ရှိကြောင်း၊ အခုချိန်ထိတော့ စိုးရိမ်စရာမရှိကြောင်း ဒါပေမယ့် သေချာ စောင့်ကြည့်သွားဖို့လိုကြောင်း ပရော်ဖက်ဆာ ကင်ချူးခန်းနဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေ လေ့လာတွေ့ရှိချက်မှ သိရပါတယ်။

 

MDN

ကိုးကား- AFP