ကပ်ရောဂါနဲ့နေသားကျဖို့ ဗျူဟာပြောင်းလာကြတဲ့ နိုင်ငံတချို့

mdn

ကလျာမိုးမြင့် - ရေးသားသည်

 

ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ ယဉ်ပါးနေပြီလို့ ထင်ရတဲ့ ကမ္ဘာ့နိုင်ငံတချို့မှာ အစုလိုက်အပြုံလိုက်ထပ်မံ ကူးစက် ခံရမှုတွေ ပြန်ပြီးတွေ့လာရတဲ့အခါ အာဏာပိုင်တွေဟာ ထပ်ပြီးဝင်ရောက်လာနိုင်သေးတဲ့ ကပ်ရောဂါ တတိယ လှိုင်း သို့မဟုတ် စတုတ္ထလှိုင်းကို ရပ်တန့်စေဖို့ အတွက် မြန်ဆန်ပြီး လိုက်လျောညီထွေပြုပြင်ပြောင်းလဲလို့ရတဲ့ ချဉ်းကပ်ပုံနည်းလမ်းတွေဆီ မြားဦးလှည့်လာကြ ပါတယ်။

 

အမှန်တရားတစ်ခုကို လက်ခံဖို့ကြိုးစားလာ

 

ကိုဗစ်-၁၉ ရောဂါနဲ့ အတော်လေးယဉ်ပါးလာနေ ပြီဖြစ်တဲ့ ကမ္ဘာတစ်ဝန်းက အစိုးရအဖွဲ့ အစည်းတွေဟာ အခုဆိုရင် ကိုဗစ် - ၁၉ ဟာ ၎င်းတို့ရှိရာအရပ်မှာ နေထိုင်တော့မယ်ဆိုတဲ့ အမှန်တရားတစ်ခုကို လက်ခံဖို့ ကြိုးစားလာကြပုံပါပဲ။ ဒါပေမယ့်လည်း ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံး အဝင်အထွက်ကန့် သတ်ပိတ်ဆို့မှုတွေလုပ်ပြီး ထိခိုက်နစ်နာရမယ့်နည်းကနေ အပြောင်းအလဲတစ်ခုအနေနဲ့ နောက်ထပ်ကပ်ရောဂါ တတိယလှိုင်းနဲ့ စတုတ္ထလှိုင်းတွေ ထပ်ပြီးဝင်မလာခင် ရောဂါကူးစက်ဖြစ်ပွားမှုတွေကိုရှာဖွေပြီး ရပ်တန့်စေရေး ပစ်မှတ်ထားတဲ့နည်းလမ်းတွေနဲ့ ဗျူဟာပြောင်းလဲ ကျင့်သုံးဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။

 

လိုက်လျောညီထွေရှိတဲ့ဗျူဟာ

 

တစ်နိုင်ငံနဲ့တစ်နိုင်ငံ အသေးစိတ်အကြောင်း ရတွေသာ ကွဲပြားသွားပေမယ့် အစိုးရတွေအနေနဲ့ တင်းကျပ်တဲ့ကန့်သတ်ချက်တွေ သို့မဟုတ် လိုအပ်လာ ရင် ဖြေလျှော့ပေးနိုင်တဲ့ လိုက်လျောညီထွေရှိပြီး ပြောင်းလွယ်ပြင်လွယ်တဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ပေးဖို့ဆိုတဲ့ ဗျူဟာတွေ လိုအပ်လာပုံချင်း တော့ တူညီပါတယ်။

 

အဲဒီ ဗျူဟာတွေ အရ ဗိုင်းရပ်စ်စစ်ဆေးစမ်းသပ်မှု တွေနဲ့ စောင့်ကြည့်ထိန်းချုပ်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်တာ၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်း တွေက မြန်မြန်ဆန်ဆန်တုံ့ပြန်ဆောင်ရွက်မှုပေးတာ၊ နယ်စပ်မှာ စီမံခန့်ခွဲမှုကြပ်ကြပ်မတ်မတ်ဆောင်ရွက် တာတွေနဲ့ လူတွေအချင်းချင်း ကြိမ်ဖန်များစွာ ထိတွေ့ ဆက်ဆံခြင်းရဲ့ အန္တရာယ်တွေကို ဒေသခံပြည်သူတွေ ပုံမှန်သတိပေးလုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

 

အောင်ပွဲမကြေညာနိုင်သေး

 

ဗျူဟာအပြောင်းအလဲတွေအရ ဗဟိုအစိုးရတွေနဲ့ ဒေသအာဏာပိုင်တွေဟာ အချက်အလက်တွေကို မကြာခဏ မျှဝေဖို့ လိုအပ်လာမှာဖြစ်ပြီး အတူတကွနီးကပ်စွာ  အလုပ်လုပ်ဖို့လည်း လိုအပ်လာမှာဖြစ်ပါတယ်။ ဗြိတိန်မှာ ဆိုရင် ဒေသအာဏာပိုင်တချို့က ၎င်းတို့ရဲ့ ကြိုးပမ်း အားထုတ်မှုတွေဟာ ပူးပေါင်းလုပ်ငန်းဆောင်ရွက်မှု  အပိုင်းမှာ သိပ်ပြီးလုံလောက်မှုမရှိသေးဘူးလို့ ဆိုပါတယ်။ တကယ်တော့ အခုလုပ်ဆောင်နေတဲ့ ဗျူဟာအပြောင်းအလဲ တွေက ကပ်ရောဂါတိုက်ဖျက်ရေးမှာ အောင်မြင်မှုအရှိဆုံး လို့ဆိုရမယ့် နိုင်ငံတွေတောင် ကာကွယ်ဆေးမတွေ့မချင်းအောင်ပွဲရကြောင်းမကြေညာနိုင်သေးဘူးဆိုတာကို အသိ အမှတ်ပြုလိုက်တဲ့ ဝန်ခံချက်တစ်ခုပါပဲ။

 

နေသားကျဖို့ကြိုးစား

 

ပြီးတော့ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနဲ့ အိန္ဒိယလို နိုင်ငံတွေမှာဆိုရင် အာဏာပိုင်တွေဟာ ရောဂါ စတင်ကူးစက်ဖြစ်ပွားမှုကို ဘယ်တုန်းကမှ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိသလို အဲဒီနေရာတွေကနေ ဆက်လက် ကူးစက်ပျံ့နှံ့သွားနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို လည်း ရပ်တန့်စေခြင်းငှာ မစွမ်းနိုင်ခဲ့ဘူးဆိုတာကို အခု | နည်းဗျူဟာအပြောင်းအလဲတွေက ထင်ဟပ်ဖော်ပြနေပါ တယ်။

 

ကိုဗစ် -၁၉ က မိမိတို့နဲ့အတူ ထာဝရနေထိုင် သွား တော့မှာ။ ဒီဗိုင်းရပ်စ်ကို ရေရှည်ပပျောက်အောင် နှိမ်နင်း နိုင်လိမ့်မယ်လို့မိမိကတော့ မထင်ဘူး။ ဒီတော့ ရှေ့လျှောက် ဗိုင်းရပ်စ်နဲ့ ဘယ်လိုနေသားကျအောင် နေထိုင်သွား မလဲ ဆိုတာကိုပဲ စဉ်းစားရတော့မယ်လို့ နယူးဇီလန်နိုင်ငံ ကလန်တက္ကသိုလ်က ရောဂါဗေဒကျွမ်းကျင် ပညာရှင်  ဆိုင်မွန် ဂျိမ်းစ်ဘွန်လေက ပြောကြားပါတယ်။

 

အစုလိုက်ကူးစက်မှုတွေထပ်ဖြစ်နေ

 

ကိုဗစ်-၁၉ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ ထင်ရတဲ့နေရာ တွေမှာ အစုလိုက်ကူးစက်မှုတွေ ထပ်ပြီးပေါ်လာနေတာကို က အခက်အခဲအတားအဆီးကြီးတစ်ခုပါပဲ။ တိုကျိုမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ရောဂါထပ်မံကူးစက်ခံရသူ ၂၅၃ ဦးပေါ်လာခဲ့ပြီး ၈၃ ဦးဟာ ညပွဲလမ်းတွေရှိရာကနေ ကူးစက်ခံလာရတာပါ။ ဂျာမနီနိုင်ငံအနောက်ပိုင်း အသား စက်ရုံတစ်ရုံမှာ အလုပ်သမားအရေအတွက် ၁၅၀ဝအထိ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး အာဏာပိုင်တွေက ဒေသနှစ်ခု | ကို အဝင်အထွက် ကန့်သတ်ပိတ်ဆို့ခဲ့ရပါတယ်။ ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်မှုမှာ မြန်ဆန်တယ်လို့ နာမည်ရနေတဲ့ တောင်ကိုရီးယားနိုင်ငံမှာလည်း မကြာသေးခင် ရက်ပိုင်းအတွင်းမှာတင် အစုလိုက် ထပ်မံကူးစက်ခံရကြောင်း ကြေညာထားပါတယ်။

 

ဥရောပရဲ့ ကန့်သတ်ပိတ်ဆို့မှု အတင်းကျပ်ဆုံး နိုင်ငံတစ်ခုအဖြစ် လူသိများခဲ့တဲ့ ရောမမြို့ ကဆေးရုံ တစ်ရုံမှာ လူ ၁၂ ဦး အစုလိုက် ရောဂါကူးစက်ခံခဲ့ရပါ တယ်။ နောက်ထပ် ရက်အနည်းငယ်အကြာမှာတော့ ရေချိုးခန်းတွေ အတူမျှသုံးနေရတဲ့ အဆောက်အအုံ တစ်ခုမှာ နေထိုင်ကြတဲ့လူ ဦးရောဂါထပ်မံကူးစက်ခံရပြန်ပါတယ်။

 

တင်းကျပ်စွာ ကန့်သတ်ပိတ်ဆို့မှုမရှိ

 

တောင်ကိုရီးယားနဲ့ ဂျပန်တို့လို နိုင်ငံအချို့မှာ ၎င်းတို့ရဲ့ ကပ်ရောဂါဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေ ကို မြန်ဆန်သွက်လက်ကျွမ်းကျင်ဖို့ ကြိုးပမ်းခဲ့ကြပါ တယ်။ တောင်ကိုရီးယားနိုင်ငံက ၎င်းရဲ့ နည်းဗျူဟာကို နေ့စဉ်လူမှုဘဝ ကန့်သတ်စောင့်ကြည့်မှုလို့ အမည်ပေး ထားပါတယ်။ ဒီနိုင်ငံဟာ တခြားနေရာတွေမှာ တွေ့မြင် ရသလိုမျိုး တင်းကျပ်တဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို ဘယ်တော့မှ အကောင်အထည်ဖော်ခဲ့ခြင်းမရှိသလို တခြားနိုင်ငံတွေမှာ ပြင်းပြင်းထန်ထန် တိုက်တွန်းထားတဲ့ ခပ်ခွာခွာနေထိုင်ခြင်းဟာလည်း ဒီနိုင်ငံမှာ လမ်းညွှန်ချက် တစ်ခုအနေနဲ့သာ တွေ့ရပါတယ်။

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းထပ်ဖြစ်လာပြီးနောက် ပြည်သူ တွေအနေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ် တွေ စီးနင်းလိုက်ပါချိန်မှာ နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်စေခဲ့ပြီး အများပြည်သူဝန်ဆောင်မှု ပေးတဲ့နေရာတွေကို ရက်သတ္တနှစ်ပတ်ကြာအောင် ပိတ်ထားခဲ့ပါတယ်။

 

လမ်းညွှန်ချက်အသစ်တွေဖြည့်စွက်

 

ရောဂါကူးစက်ဖြစ်ပွားမှု အတွေ့အကြုံကနေရလိုက် တဲ့သင်ခန်းစာတွေ အများအပြားရရှိခဲ့ပြီးတဲ့နောက် တောင်ကိုရီးယားအစိုးရက လမ်းညွှန်ချက်အသစ်တွေ ထပ်မံဖြည့်စွက်လိုက်ကာ ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်း တွေကို အကွေ့အကောက်ပုံစံ ထိုင်ခိုင်းဖို့ အကြံပြုထားပါ တယ်။ လေအေးပေးစက်တွေကို နှစ်နာရီတိုင်းမှာ တစ်ခါပိတ်သင့်ကြောင်း၊ လေဝင်လေထွက်ကောင်းမွန် စေရန်အတွက်ပြတင်းပေါက်တွေကိုဖွင့်ထားသင့်ကြောင်း အကြံပြုထားပါတယ်။ နွေရာသီမှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းနဲ့ N95 နှာခေါင်းစည်းနှစ်မျိုးကိုဆောင်ထားဖို့နဲ့ လူထူထပ်တဲ့ပတ်ဝန်းကျင်နေရာတွေမှာ တပ်ဆင်အသုံးပြုဖို့ကိုလည်း အစိုးရကညွှန်ကြားထား ပါတယ်။ ။

 

ကိုးကား - နယူးယောက်တိုင်းမ်