ကပ်ရောဂါအတွင်း Qantas လေကြောင်းလိုင်း ဆက်လက်တည်ရှိရေးအတွက် ဝန်ထမ်း ၆,၀၀၀ လျှော့ချ

၂၅ ဇွန်

ဩစတြေးလျနိုင်ငံ Qantas လေကြောင်းလိုင်းမှ ဝန်ထမ်း ၆,၀၀၀ ကို အလုပ်မှ လျှော့ချလိုက်ပြီး လေယာဉ်အစီး ၁၀၀ ကိုလည်း တစ်နှစ်ထိ မြေပြင်မှာ ရပ်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုလို ဆုံးဖြတ်လိုက်ခြင်းအားဖြင့် အမေရိကန်ဒေါ် ၁၀ ဘီလီယံခန့် အသုံးကို လျှော့ချလိုက်ခြင်းဖြစ်ကြောင်း လေကြောင်းလိုက်မှာ ဒီနေ့(ကြာသပတေးနေ့) မှာ ကြေညာလိုက်ပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်က ဩစတြေးလျအစိုးရက နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို လာမယ့်နှစ် လောက်အထိ ပိတ်ထားလိုကြောင်း ပြောပါတယ်။ Qantas လေကြောင်းလိုင်းမှ နိုင်ငံတကာခရီးစဉ်တွေနဲ့ ပြည်တွင်းခရီးစဉ်တွေကို အောက်တိုဘာလအကုန်ပိုင်းအထိ ဖျက်သိမ်းထားကြောင်း သိရပါတယ်။

 

ဩစတြေးလျဝန်ကြီးချုပ်က ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ နိုင်ငံ့စီးပွားရေးကို ကယ်ဆယ်ရန် ဘီလီယံနဲ့ချီပြီးအသုံးပြုခဲ့ပေမယ့် Qantas လေကြောင်းလိုင်းမှာ လုပ်သား လျှော့ချတယ်ဆိုတဲ့ သတင်းဟာ စိတ်ထိခိုက်ရကြောင်း၊ ဩစတြေးလျအတွက် ခက်ခဲတဲ့နေ့ဖြစ်လာကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

Qantas လေကြောင်းလိုင်းရဲ့ ဆုံးဖြတ်ချက်ကို ဩစတြေးလျအလုပ်သမားသမဂ္ဂက ရှုတ်ချကြောင်း၊ ဩစတြေးလျနိုင်ငံမှာ လစာငွေ အများဆုံးပေးရတဲ့အုပ်ချုပ်ရေးဒါရိုက်တာ အယ်လန် ဂွိုက်စ် ကို Qantas လေကြောင်းလိုင်းက အလုပ်ဆက်ခန့်ထားနိုင်ရင် အလုပ်သမားတွေအားလုံးကို အလုပ်ဆက် ခန့်ထားနိုင်ရမယ်။ သမဂ္ဂနဲ့ ဆွေးနွေးပါ။ ပြည်နယ်အစိုးရကလည်း JobKeeper အစီအစဉ်ကနေ အလုပ်သမားတွေ အလုပ်ဆက်ရရေးကို ဆောင်ရွက်ရန် ပြောဆိုလိုက်ပါတယ်။

 MDN

ကိုးကား - AFP